00:07(uni ver)

18.9K 656 15
                                        

'လွှမ်းတေဇ' က ဘယ်လိုပြောပြော ထိုင်ရာက မ ထ သည်မို့ 'ကွန်းခို' မျက်နှာလေး ရှုံ့မဲ့နေရသည်။

"ရပါတယ်ဆို 'လွှမ်းတေဇ' ရဲ့၊ ငါ အဆင်ပြေတာမို့ ပြန်လို့ရတယ် နင်နောက်ကျနေပြီ"

"..."

"အန်တီစိတ်ပူနေလိမ့်မယ်လေ... နော်"

"ဖုန်းဆက်ပြောလိုက်မယ်"

အိပ်ကပ်ထဲမှနောက်ဆုံးပေါ်အိုင်ဖုန်း(iPhone) ကိုထုတ်ကာ ဖုန်းဆက်ရန်ပြင်‌နေပြန်သည်မို့၊

"အာ ရပါတယ်ဆို ငါစိတ်ညစ်လာပြီ"

"စိတ်ညစ်လာပြီ?"

*ဒီကလေးမလေးက သူ့ကြောင့်စိတ်ညစ်နေရတာလား? *

"အင်းလေ အိမ်ပြန်လည်း‌နေ့တိုင်း လိုက်ပို့ခိုင်းပါတယ်ဆိုနေမှ၊ ည ပါ စောင့်နေခိုင်းလို့ ဘယ်လိုဖြစ်မလဲ?"

"နင့်ကိုလည်းအားနာပေမယ့် အန်တီ 'မြနန္ဒာ' ကို ပိုအားနာမိတယ်"

"အခုပဲဆယ်နာရီထိုးတော့မှာ တစ်နာရီလောက်က ဘာမှ မကြာဘူးလေ"

"ပြန်တော့နော်"

'ကွန်းခို' ရဲ့ မေတ္တာရပ်ခံတဲ့ 'ပါပီ' လေးလို အကြည့်အောက်မှာတော့ဖြင့် 'လွှမ်းတေဇ' တကယ်အရည်ပျော်ရပါသည်။

"အင်း အဲ့တာဆိုလဲ၊ ဂရုစိုက်နော်၊ ဘယ်သူ လာ လာ တံခါးဖွင့်မပေးနဲ့"

'ကွန်းခို' မျက်လုံးလေးတွေမှိတ်သည်အထိ ပြုံးလိုက်မိရင်းမှ

"ငါက ကလေးလား? ပြီးတော့ ဒီအချိန်လည်းဘယ်သူမှ မလာဘူး၊ နင်သာ ဂရုစိုက်ပြန်၊ ‌နော်"

ခေါင်းတစ်ချက်ဆတ်ပြကာ 'လွှမ်းတေဇ' စက်ဘီးကို ဖြေးဖြေးမှန်မှန် နင်းလာခဲ့တော့၊ ညအချိန်မို့ 'ကွန်းခိုရာ'ရဲ့ အော်သံကို ပီပီသသနှင့် ခပ်ကျယ်ကျယ်ကြားလိုက်ရသည်။

'သေချာ မြန်မြန်ပြန်နော်၊ အိမ်ရောက်ရင် messageပို့ဖို့ မမေ့နဲ့' တဲ့ ။

'လွှမ်းတေဇ' နှုတ်ခမ်းတစ်ဖက်ကို တွန့်ကွေးသွားအောင်ပြုံးလိုက်မိသည်။

*အခု စိတ်ပူပေးရမယ့်သူက နင်လား? ငါလား?*

.....
"လာပြီလား သမီး၊ ကလေးနှစ်ယောက် မီးဖိုခန်းထဲမှာ အဲ့ကိုပဲတန်းသွားလိုက်"

'ကွန်းခို' အိမ်ထဲဝင်လာတော့ ကောင်တာမှာ ထိုင်နေသည့် အန်တီ 'မြနန္ဒာ' က အပြုံးနှင့် ဆီးကာ ပြောလာသည် ၊

" ဟုတ် အန်တီ"

စပို့ရှပ် အိုဗာ ဆိုဒ် ခဲရောင်နှင့် ဘောင်းဘီ ဒူးတိအနက်‌ရောင်ကို တွဲကာဝတ်လာသည့် 'ကွန်းခို' ကို 'စိုပြေ'က မြင်မြင်ချင်းမှတ်ချက်ပေးလာသည်၊

"ဟာ! 'ကွန်းခို' နင်ပို ပု သွားသလိုပဲ"

"ငါးပေ တစ်လက်မကို ပိစိလေးကျော်ပါတယ်နော် အဲ့တာပုတာလား?"

'လွှမ်းတေဇ' နှင့် 'စိုပြေ' က မျက်နှာချင်းဆိုင်ထိုင်နေကြတာဖြစ်သဖြင့် စားပွဲရှည်ရဲ့ ထိပ်ဆုံးခုံမှာ ဝင်ထိုင်လိုက်ရင်း'စိုပြေ့' အပြောကို 'ကွန်းခို' ပြန်လည်ချေပလိုက်သည်။

'ကွန်းခို' ရဲ့ ချေပသံနောက်မှာတော့ 'လွှမ်းတေဇ' ဆီမှ 'ခွိ' ကနဲ ရယ်သံထွက်လာခဲ့သည်။

ပုံမှန်ဆို 'ကွန်းခို' နှင့် 'စိုပြေ'က ဟာသတွေပြောပြီးအော်ကြီးဟစ်ကျယ် အော်ရယ်ကြလျှင်တောင် နှုတ်ခမ်းတွန့်ရုံလောက်သာ‌ပြုံးသော 'လွှမ်းတေဇ' မှ အသံထွက်သည်အထိ ရယ်သည်မို့ 'ကွန်းခို' ဘဝင်ပါ မြင့်ချင်သလိုလို ဖြစ်သွားရသည်။

စားပွဲပေါ်၌ ရှိနှင့်နေသော ပါမုန့်တစ်ခုအား 'ကွန်းခို' ကောက်ကိုင်လိုက်စဉ်

"ငါ့အရပ်က ငါးပေဆယ်လက်မ ရှိတာ"

"မေးလို့လာဖြေနေတာလား? အလကားကောင်ရဲ့!!"

ဝါးလက်စအား အတင်းမျိုချကာ 'ကွန်းခို' ရန်ပြန်တွေ့မိတော့ 'စိုပြေ' နှင့် 'လွှမ်းတေဇ' က အတိုင်အဖောက်ညီကာ ဟက်ဟက်ပက်ပက်ရယ်မောလျက်က 'စိုပြေ' မှလည်း 'ငါ့အရပ်က ငါးပေငါးလက်မရှိတာ' ဟု ပြောလာချိန်တွင်တော့ 'ကွန်းခို' 'နှုတ်ဆိတ်ခြင်း' ဖြင့်ပင် 'မကျေနပ်ခြင်း' ကို ပြလိုက်ပါတော့သည်။

"ငါ့အိမ်မှာ ငါကျွေးတဲ့မုန့်ကိုစားပြီး၊ ငါ့ကို 'အလကားကောင်' လို့ပြောနိုင်ဖို့အခွင့်အရေး၊ နင့်မှာပဲရှိတာ"

'စိုပြေ' က ထ ထွက်သွားကာ ရေခဲသေတ္တာထဲမွှေနှောက်နေစဉ် 'လွှမ်းတေဇ' က အနားကပ်ကာ နှစ်ကိုယ်ကြားရုံသာ တိုးတိုးပြောလာသည်။

"ဘာဖြစ်လဲ? အဲ့တော့? မရဘူးလား"

"ရပါ့ဗျာ..."

ခပ်ပြုံးပြုံးဖြင့် ပြောလာသည့် 'လွှမ်းတေဇ' ကြောင့် သွားစွယ်ဖွေးဖွေးလေးတွေသာ မက ဖုံးကွယ်ထားတဲ့ ညာဘက်ပါးက ပါးချိုင့်နက်နက်ကိုပါ တွေ့လိုက်ရသည်၊

*...'လွှမ်းတေဇ' မှာ ပါးချိုင့်ရှိတာ ဘာလို့ ငါမသိတာပါလိမ့်? *

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Where stories live. Discover now