00:23(uni ver)

14K 492 16
                                    

တစ်ယောက်အိပ်ကုတင် ကျဉ်းကျဉ်းလေးပေါ်မှာ 'ကွန်းခို'အိပ်မရစွာ လူးလှိမ့်နေမိသည်။ ဘေးမှဖုန်းscreenကို ဖွင့်လိုက်ကာ နာရီကြည့်မိတော့ 2:30AMဟု ဖော်ပြနေလေပြီဖြစ်သည်။ 'လွှမ်း'က သူ့ကိုဘာမှထပ်ပြီးမပြောနိုင်ခင် 'ကွန်းခို'ထွက်ပြေးလာတာဖြစ်သည်။ တကယ်ဆိုရင် 'လွှမ်း'ဆီက 'ချစ်တယ်'ဆိုတဲ့စကားတစ်ခွန်းနဲ့တင် 'ကွန်းခို'အလဲလဲ အပြိုပြိုဖြစ်ရသည်၊ 'ကွန်းခို'အတွက်တော့ 'လွှမ်း'သည် အချစ်ဦး၊ အချစ်ဆုံး၊ ပြီးလျှင်...နောက်ဆုံးအချစ်ဖြစ်လိမ့်မည်။အမှန်အတိုင်းဝန်ခံရပါလျှင် 'ကွန်းခို'ကိုယ်တိုင်သည်လည်း 'လွှမ်း'ကို ချစ်နေဆဲ။ သို့သော် အရင်ကလို အခြေအနေမျိုးပြန်ဖြစ်နိုင်ဖို့ရာက မလွယ်ကူတော့၊ 'လွှမ်း'မှာက...။

"ဟူး..."

'ကွန်းခို' သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီးကာမှ အခန်းဖော်အနှောက်အယှက်ဖြစ်သွားမလားဆိုတဲ့ စိတ်နဲ့ ခပ်မှောင်မှောင်တစ်ဖက်ကုတင်ကို လှမ်းကြည့်မိလိုက်သေးသည်။

*အရူးကောင် 'လွှမ်းတေဇ'..ငပေါကောင်*

'ကွန်းခို'အတွေးတွေကိုရပ်တန့်လိုက်ကာ အိပ်ပျော်အောင်အတင်း ကြိုးစားကာ အိပ်ပစ်လိုက်ပါတော့သည်။

...

"တက် လိုက်ပို့ပေးမယ်"

တကယ်ဆို မနက်၆နာရီဆိုသည့်အချိန်က 'တေဇ'အတွက်စောလွန်းနေသေးသည်။ ညကလည်း 'ကွန်းခိုရာ'အကြောင်းတွေးရင်း၊ 'ကွန်းခိုရာ'အကြောင်းတွေ စုံစမ်းရင်းဖြင့် သူနောက်ကျမှ အိပ်ယာဝင်ဖြစ်သည်။ မနက်ကဆို ထတောင်မထချင်၊

ချစ်ဒုက္ခမို့ သူကျေကျေနပ်နပ်ကြီး ခံယူလျက် အိပ်ယာထဲမှအတင်းကုန်းထလာတာပင်၊ မနက်စာ အတူစားနေကြသည့် 'ဖေဖေ'၊ 'မေမေ'နှင့် 'ကိုကို'ကတောင် သူ့ကိုအထူးတဆန်းလိုလိုက်ကြည့်နေကြသည်ကို မသိချင်ယောင်ဆောင်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။

"လာလေ စာအုပ်ဆိုင်က၇နာရီဖွင့်မှာမလား၊ မနက်စာလည်းစားရဦးမှာကို နောက်ကျနေလိမ့်မယ် ဘေဘီရဲ့"

ဤ'စံရိပ်ငြိမ်'အဆောင်ရှိ အဆောင်သူ တော်တော်များက ဘဝသမားတွေမို့ ဒီအချိန်သည် အကုန်နီးပါးအလုပ်သွားကြရန် ကိုယ်စီအဆင့်သင့်ဖြစ်နေကြပြီဖြစ်သည်။ ကြည့်ကောင်းလှသော ဒီယောက်ျားမှ ကားအကောင်းစားကြီးကို အဆောင်ရှေ့ထိုးရပ်ကာ ကားဘော်ဒီ (body)ကို ထပ်ပြီးမှီရပ်နေပြန်သည်။ 'ကွန်းခို'ကို ပြုံးကာ‌ဖြင့် ဂရုတစိုက်ခေါ်နေသည်မို့ လူအတော်များများဆီမှ မသိမသာကော သိသိသာသာပါစပ်စုခြင်းခံနေရပါသည်ဆိုကာမှ 'ဘေဘီ'ဆိုသည့်အသုံးအနှုန်းကြောင့် ပိုမိုအာရုံစိုက်စရာဖြစ်လာခဲ့သည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Where stories live. Discover now