00:15(uni ver)

19.3K 620 3
                                        

/ August 01 /

"Happy 16th Birthday"

'ကွန်းခို' လက်ဆောင်ဘူးလေးပေးတော့ 'လွှမ်း'က 'ကွန်းခို'ကိုကြည့်ကာ သဘောတကျပြုံးသည်။

"နင်ဝတ်နေတဲ့နာရီလောက်တော့ ဈေးမကြီးပေမယ့် ဒါလည်း G-Shockအစစ်ပါနော်"
"စက္ကန့်တိုင်းမှာ ငါ့ကိုပိုချစ်နေဖို့ရည်ရွယ်ချက်နဲ့ ပေးတာ"

"အင်း"

'လွှမ်း'က သူ့လက်ကနာရီကို ချွတ်ကာ ချက်ချင်းပင် 'ကွန်းခို'ပေးတဲ့ နက်ပြာရောင်နာရီလေးကို ပြောင်းလဲဝတ်ဆင်နေလေသည်။

ပုံမှန်ဆို 'ကွန်းခိုရာ'ဘက်က စပြီး တီတီတာတာတွေလည်းမပြောတတ်တာမို့ 'တေဇ' သဘောအကျကြီး ကျနေမိတော့သည်။

ဖေဖေနဲ့ ကိုကိုက 'တေဇ' မွေးနေ့အတွက်ပြန်လာကြတာ ဖြစ်သည်။ မနက်ပိုင်းကို 'မြို့လည်ကျောင်း' မှာ အာရုဏ်ဆွမ်းကပ်ကြပြီးနောက် ‌'တေဇ' သူငယ်ချင်းများနှင့် မေမေ့မိတ်ဆွေအချို့ကိုဖိတ်ကာ မွေးနေ့ဆွမ်းကပ်သဘောမျိုး လုပ်ဖြစ်ကြသည်။

'ညနေကျ တစ်ဝိုင်းနော်' ဆိုသည့် 'စိုပြေ့' စကားနောက်မှာတော့ ‌ကိုကိုရယ်၊ သူရယ်၊ 'စိုပြေ'ရယ်၊ 'ကွန်းခိုရာ'ရယ်နှင့် လေးယောက်တစ်ဝိုင်းထပ်လုပ်ဖို့ စီစဉ်ထားကြသေးသည်။

"ယောက္ခမကို မျက်နှာလုပ်နေတာများ မြင်လို့တောင် မကောင်းဘူး"

'စိုပြေ'က မဲ့ကာ ပြောလာတော့ 'ကွန်းခို' နားမလည်သလို ကြည့်မိသည်။

'စိုပြေ' မေးဆတ်ပြရာဆီသို့ကြည့်လိုက်မှ 'လွှမ်း'က မေမေ့နား ကပ်ထိုင်ကာ အန်တီ'မြနန္ဒာ'လက်ရာ အုန်းနို့ခေါက်ဆွဲကို သေချာပြင်ပေးနေလေသည်။

အချိုပွဲအဖြစ်ထားသော ဆနွင်းမကင်း၊ နို့ကျောက်ကျောနှင့် အသီးများကလည်း စားပွဲပေါ်၌ အပြည့်အလျှံ၊

ဖေဖေကတော့ Dutyကြောင့်မေမေ့ကို လိုက်ပို့ပြီး ချက်ချင်းပြန်သွားရတာမို့ ခဏတဖြုတ်တောင် ထိုင်မသွားနိုင်။

"မဟုတ်ပါဘူးဟာ..."

'ကွန်းခို' ရှက်ဝဲဝဲဖြင့် ပြောမိသည်။

"ဟုတ်ပါတယ်"

'ကွန်းခို' ဘာမှပြန်ပြောမနေတော့ပဲ မေမေ့နားက 'လွှမ်း'ကိုသာ ကြည့်နေမိတော့သည်။

ကျောင်းမှာလည်း ပုဆိုးနှင့် ရှပ်အင်္ကျီနှင့် မြင်နေကျ ဖြစ်ပေမယ့် ကချင်ပုဆိုး နက်ပြာရောင်ကို ရှပ်အင်္ကျီလည်ကတုံး ခဲရောင်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည့် 'လွှမ်း' က ဒီနေ့မှ ပိုထူးခြားစွာ ပိုကြည့်ကောင်းနေပြန်သည်။

ဂျယ်မသပ်ထားတဲ့ ဆံပင်ထူထူတွေက နဖူးပေါ်ကို ခပ်ဝဲဝဲဖြာကျနေပြီး ဘယ်ဘက်နားမှာတော့ဖြင့် ပုံမှန်မြင်နေကျ အနက်ရောင် နားကပ်သေးလေးမဟုတ်တော့ပဲ 'လွှမ်း'ရဲ့ ကိုကို ကိုယ်တိုင်ဝယ်လာကာ birthday giftပေးခဲ့တဲ့ စိန်တစ်လုံးတည်းနဲ့ ရိုးရိုးရှင်းရှင်း နားကပ် ပိစိလေး၊

ထိုနားကပ်ကိုလည်း အမြဲမချွတ်ပဲ ဝတ်ထားတတ်ပေမယ့် စာတော်သည့် 'လွှမ်း'ကိုတော့ဖြင့် ဆရာ/မတွေက မမြင်ချင်ယောင်ဆောင်ထားပေးကြသည်လေ။

'လွှမ်း'က စာတော်သည့် ကျောင်းသားဆိုပေမယ့် လိမ္မာသည့် ကျောင်းသားလေးမဟုတ်တာတော့ သေချာပါသည်။

...

"မေမေ ညကျ 'လွှမ်း...တေဇ'တို့အိမ်မှာ အိပ်လို့ရလား?"

'လွှမ်း'နှင့် 'တေဇ'ကြားမှာ အနည်းငယ် ခြားသွားတာကြောင့် မေမေကသ‌ဘောတကျ ပြုံးသည်။

"မရရင်တော့ ပြန်လိုက်ပို့မှာဆိုပေမယ့် မိုးချုပ်မှာကော 'စိုပြေ'ကလည်း အတူအိပ်စေချင်နေလို့ပါ"

"သူငယ်ချင်းအိမ်မှာ အိပ်တာပဲ၊ ရတယ်လေ သမီးလေး"

"ဟုတ်"

"သမီးလည်း ဆုံးဖြတ်နိုင်တဲ့အရွယ်ရောက်နေပြီပဲ မေမေမကန့်ကွက်ပါဘူး"
"ဒါပေမယ့် လမ်း မမှားသွားဖို့တော့လိုတယ်နော်"

"..."

ဘာကိုပြောနေမှန်း 'ကွန်းခို' နားမလည်နိုင်။

"သမီးက မေမေ့သမီးပါ၊ မေမေအလုပ်ရှုပ်လို့ ဂရုမစိုက်နိုင်ပေမယ့် ပစ်ထားတာမှ မဟုတ်တာကွယ်"

တဖြည်းဖြည်းနားလည်လာပြီမို့ 'ကွန်းခို'မျက်နှာလေး ငယ်လာရသည်။

"ဒီအရွယ်မှာ ရည်းစားထားတာ ပုံမှန်ပါပဲသမီးရဲ့ မေမေအတင်းတားပြီး ထိန်းချုပ်နေမှာမဟုတ်ဘူး "
"ဒါပေမယ့် ကတိတော့ပေး၊ မဟုတ်တာမလုပ်ဘူးဆိုတဲ့ကတိ၊ ပြီးတော့ မိသားစုဘဝထူထောင်မယ်တွေ ဘာတွေဆိုတာ လုံးဝ‌တွေးလို့ရတဲ့ အရွယ်မဟုတ်သေးဘူးနော်"
"မေမေပြောတာ သဘောပေါက်တယ်မလား?"

"ဟုတ် မေမေ"

'ကွန်းခို'မျက်ရည်တွေဝဲလာကာ မေမေ့ရင်ခွင်ထဲတိုးဝင်လိုက်တော့သည်၊ မေမေက သူ့ကိုချစ်ပါတယ် အလုပ်မအားလို့ ဂရုမစိုက်ပေးနိုင်ရုံပါပဲ။

....
sry for late'(

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Место, где живут истории. Откройте их для себя