"အင်း...."
ဘယ်လောက်ပဲအိပ်ရေးပျက်ထားပါတယ်ဆိုစေကာမူ ကျင့်သားရနေတဲ့မျက်လုံးတွေကတော့ မနက်ရှစ်နာရီလောက်မှာ ကျိန်းစပ်စပ်နဲ့ပဲ ပွင့်လာခဲ့ကြသည်။
ရုတ်တရက်ထထိုင်မိတော့ ခါးအောက်ပိုင်းဆီမှ စူးကနဲနာကျင်မှုနဲ့ မွေ့ယာပေါ်ကိုပြန်ကျလာရသည်။
"မထနဲ့ ပြန်အိပ်"
ခါးသိမ်သိမ်ကိုသိုင်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရပြီး တစ်ဆက်တည်း ဩရှရှအသံကိုပါ ကြားလိုက်ရသည်။
အိပ်ရေးပျက်ထားကာ ပင်ပန်းနေတာကော၊ ပိတ်ရက်ဖြစ်တာကြောင့်ကောပါ 'ကွန်းခို' အထွန့်မတက်တော့ပဲ ငြိမ်ငြိမ်နေမိသည်။
"မင်းဒီလိုဆက်လုပ်နေဦးမယ်ဆို morning round ဖြစ်လာတော့မှာ ဘေဘီ"
ပြန်အိပ်မရတဲ့အခါ 'လွှမ်း'ရဲ့ ဗလာကျင်းနေတဲ့ ရင်အုပ်ကျယ်ကျယ်ကို ဖိလိုက် ခွါလိုက်ဖြင့် အကြိမ်ကြိမ်နမ်းမိသည်။ 'ကွန်းခို'ကျောပြင်ကိုခပ်တင်းတင်းသိုင်းဖက်ထားပြီး မျက်လုံးတွေမှိတ်ထားတဲ့ 'လွှမ်း'ဆီက အသံကြားတော့ ကြိတ်ရယ်မိသည်။
"...'လွှမ်း'..."
"ဟင်?"
"ချစ်တယ်"
"ဟာကွာ ကျစ်!"
'တေဇ' ကိုယ်လုံးသေးသေးလေးကိုပိုတိုးဖက်လိုက်ရင်း မချင့်မရဲရေရွတ်မိသည်။ မနက်သုံးနာရီလောက်မှ လွှတ်ပေးလိုက်တာမို့ ငါးနာရီလောက်ပဲအိပ်ရသေးတာတောင် အားအင်တွေပြည့်နေဟန်ဖြင့် 'တေဇ'ကို အကဲလာစမ်းနေပြန်သည်။ စိန်ခေါ်သူက စိန်ခေါ်ရဲပေမယ့် ဒီလူက အနိုင်မကျင့်ရက်။
"ရှူး အိပ်တော့"
ရင်ခွင်ထဲကိုအတင်းတိုးဝင်ရင်း 'တေဇ'ရဲ့ နှုတ်ခမ်းတွေကို လာစုပ်နမ်းနေပြန်တော့ 'တေဇ'မှာ အရူးအမူး။ ဥပုဒ်စောင့်တဲ့ကျားရယ်လို့ ရှိပါ့မလားကွာ...။
ဆတ်ကနဲ ခန္ဓာကိုယ်ကိုဆွဲလှန်လိုက်ရင်း 'တေဇ'က အပေါ်က အုပ်မိုးပစ်လိုက်သည်။ တဆက်တည်းမှာပဲပြုံးစိစိနှင့်ကြည့်နေသူရဲ့ နှုတ်ခမ်းတွေကိုလည်း ခပ်ကြမ်းကြမ်းစွဲစုပ်မိသည်။ အပေါ်နှုတ်ခမ်းတွေကို တစ်လှည့်၊ အောက်နှုတ်ခမ်းတွေကိုတစ်လှည့် စိတ်ကြိုက်နမ်းရှိုက်နေရာမှ အားမရစွာ ဆွဲကိုက်မိတော့ အလိုက်သင့် တုံ့ပြန်နေသူထံမှ ညည်းသံသဲ့သဲ့ကိုကြားရပြန်သည်။
ВЫ ЧИТАЕТЕ
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Любовные романыမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
