00:06(uni ver)

13.2K 520 4
                                    

"ဖေဖေ"

'ဦးမင်းဗညား'(စိုပြေ့ဖေဖေ) ဒီမနက် dutyမရှိတာ‌ကြောင့် 'စိုပြေ' ကျောင်းမသွားခင်လေး ကပ်ချွဲနေခြင်းပင်၊

"...'စိုပြေ' လည်း guideသင်ကို စက်ဘီးနဲ့သွားချင်တယ် မန်းလေးက စက်ဘီးယူပေးပါလားဟင်"

"မဖြစ်ပါဘူးကွယ် ဖေဖေ့သမီးက ကလေးပဲရှိသေးတာ"

"ဖေဖေနော် 'စိုပြေ'ကလေးမဟုတ်တော့ဘူး ပြီးတော့ 'ကွန်းခို'တောင် သွားသေးတာပဲ 'တေဇ'က ပြန်ပို့ရင် သုံးယောက်အတူတူလေ"

"သား'လွှမ်း'ကို ဒုက္ခမပေးချင်နဲ့ သမီးလေး၊ ‌'ဦးမိုးမာန်'ရဲ့သမီးကို အိမ်ပြန်ပို့၊ သမီးကိုအိမ်ပြန်ပို့ဆို သူအလုပ်ရှုပ်လိမ့်မယ် အိမ်ပြန်နောက်ကျလိမ့်မယ်လေ"

"ဟင့်အင်း 'ကွန်းခို'ပြောတာ သိုက်ကုန်းကျောင်းလမ်းဆိုလား အဲ့ကလာရင် ဆေးရုံကို ခဏပဲလာရတာတဲ့"

"မဖြစ်ပါဘူးကွယ်"

"တော်ပြီ ကျောင်းသွားတော့မယ်"

'စိမ်းစိုပြေ' နှုတ်ခမ်းဆူ၊ ခြေဆောင့်ပြီးသာ ထွက်လာခဲ့တော့သည်။
ဖေဖေက မရဘူးဆို မရဘူးပဲမို့ 'ကွန်းခို'တို့နဲ့ အတူအိမ်ပြန်ဖို့ရာ လမ်းစ မမြင်၊ ဖေဖေက စိတ်ပူတတ်ရန်ကောပါပဲ။
.....

"နှုတ်ခမ်းကြီးဆူလို့ ဘာဖြစ်တာလဲ?"

"ဖေဖေနဲ့စိတ်ဆိုးလာတာ၊ နင်တို့နဲ့အိမ်အတူပြန်ချင်ပါတယ်ဆို မရဘူးချည်းပဲ"

"စိတ်ပူလို့နေမှာပေါ့ဟာ နင်ကလည်း"

"မသိဘူး မသိဘူး"

'ကွန်းခို' 'စိုပြေ့'ကို ကြည့်ရင်း တခစ်ခစ်အသံထွက်အောင်ထိ ရယ်မိတော့သည်၊ 'စိုပြေ'က တကယ် ကလေးပေါက်စလေးပင်။

"ဒါနဲ့လေ guideဆရာမကို လစာဘယ်လိုပေးရမှာလဲဟင်? မေမေကသေချာမေးခဲ့ခိုင်းလို့ 'လွှမ်းတေဇ'ကိုမေးလိုက်တာ စိတ်တိုပြီး ငါ့ကိုအော်သွားတယ်"

"ဘယ်တုန်းက မေးလိုက်တာလဲ? ငါလည်းမသိရပါလား?"

"အိမ်ပြန်ရင်း"

"အော်...သုံးယောက်သင်လည်း guideဆရာမကိုက ပိုမပေးရဘူးလေ၊ အဲ့တော့ အန်တီ မြနန္ဒာက ပညာဒါနဆိုပြီး လုပ်တော့တာပဲ၊ အဲ့တာနဲ့ ငါနဲ့ဖေဖေနဲ့တိုင်ပင်ပြီး လတိုင်းဆရာမကို ကန်တော့ဖို့လုပ်ထားတာ"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Dove le storie prendono vita. Scoprilo ora