00:37(uni ver)

17.3K 451 18
                                    

"သို့...
ကိုယ့်အချစ် ငယ်ငယ်...
မမတွေကိုချစ်ခဲ့တယ်ဆိုတာက
ငယ်ငယ့်လိုကလေးပေါက်လေးကိုမတွေ့ခဲ့ခင် အချိန်တွေတုန်းကပါ...
ငယ်ငယ်ကသာမသိတာ
'မောင်' ဖြစ်ဖြစ် 'ကိုကို' ဖြစ်ဖြစ်
ကိုယ်က ငယ်ငယ့်အပိုင်ပါ...
တစ်ခါ တစ်ခါ ဂျီတိုက်တယ်
တစ်ခါ တစ်ခါ ဂျစ်ကန်တယ်
သိပ်ကိုလူကြီးဖြစ်ချင်လှပါရဲ့ဆိုတဲ့ ငယ်ငယ်က
တကယ်တော့ ကလေးသာသာ...
ငယ်ငယ့်ကိုချစ်တယ် ငယ်ငယ့်ကိုမြတ်နိုးတယ်
ငယ်ငယ့်ကိုတန်ဖိုးထားတယ်
ငယ်ငယ်နဲ့ဝေးရမှာကို သေရမှာထက်ကြောက်တယ်...
ကိုယ်ကဆိုးတယ် ငယ်ငယ်က နှစ်ဆ ဆိုးတယ်...
ကိုယ်ကချစ်တယ် ငယ်ငယ်က နှစ်ဆ ချစ်နော်... "

ကိုကို ကမ်းပေးလာတဲ့စာရွက်ခေါက်ပန်းရောင်လေးကို 'စိုပြေ'ဖွင့်ကြည့်လိုက်တော့ ကိုကို့လက်ရေးသော့သော့ကိုတွေ့ရသည်။ ကိုယ့်အတွက်သီးသန့်ဆိုတာမျိုးကို 'စိုပြေ'က အရမ်းသဘောကျတတ်တာမို့ ကိုကို့ဆီကရလေ့ရှိသည့် ကဗျာလိုလို စာစုလေးတွေဆို အင်မတန်မြတ်နိုးရသည်။

နေ့လည်တစ်နာရီလောက် အိမ်ရှေ့မှာလာရပ်သည့်ကားမှ ကိုကိုဆင်းလာတော့ 'စိုပြေ'အပါအဝင် သုံးယောက်လုံးတအံ့တဩ၊ ကားထဲမှဆင်းလာသည့် ကိုကိုက necktieကိုတော့ အနည်းငယ်ဆွဲဖြေထားသည်မှလွဲ ဝတ်စုံပြည့်နှင့်ပင်။

စိတ်ဆိုးနေသည့် ဒီကလေးကိုချော့ချင်လို့သာ 'မင်းတေဇ'ရောက်အောင်လာရတာပင်၊ မနေ့ကလည်း ညဉ့်အတော်နက်မှအိပ်ကာအလုပ်တော်တော်များများကိုပြီးအောင်လုပ်ဖြစ်သည်။ မနက်အစော meetingပြီးတာနဲ့တန်းလာခဲ့သည်မို့ အဝတ်ပင်မလဲခဲ့ရပေ။

လာရကြိုးနပ်စွာ အကြာကြီးစိတ်မဆိုးတတ်တဲ့ကလေးပေါက်က အခုလည်း သူ့ကိုမြင်တာနဲ့ ရင်ခွင်ထဲတန်းဝင်ကာ ငိုတော့တာပဲဖြစ်သည်။

"ငယ်ငယ်က အင့် ကိုကိုပစ်သွားမှာကြောက်နေတာ"

ပေါင်ပေါ်ကိုဘေးတစောင်းလေးပွေ့ယူတင်တော့လည်း နာခံစွာ ငြိမ်ငြိမ်ထိုင်သည်။ ခါးသိမ်သိမ်လေးကိုတင်းနေအောင်ဆွဲဖက်လိုက်ပြီးနောက်၊

"ကိုကိုက ဘာလို့ပစ်သွားရမှာလဲကွာ...၊ ကြောင်ချီးပေလေးဖြစ်နေပြီ ရုပ်လေးကကွာ"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Donde viven las historias. Descúbrelo ahora