00:08(uni ver)

19.3K 608 11
                                        

တနင်္ဂနွေနေ့မှာ guideက မနက်ပိုင်းပိတ်ပြီး ညပိုင်းတစ်ချိန်ပဲ သင်ရမှာဖြစ်သည်။ တနင်္ဂနွေတိုင်း တစ်နေ့လုံး ဆေးခန်းထိုင်တတ်သည့် ဖေဖေနဲ့မေမေ့အကြောင်းပြောပြရာမှ 'ကွန်းခို့'အိမ်မှာ စတည်းချဖို့ ဆုံးဖြတ်လိုက်ကြသည်။ မနက် ကိုးနာရီတည်းက လာခဲ့ဖို့ခေါ်ထားပြီး 'စိုပြေ့'ကိုလည်း မြို့တစ်ပတ်လိုက်ပြကြဖို့ အစီအစဉ်ဆွဲထားသေးသည်။

'လွှမ်းတေဇ'က 'စိုပြေ့' ကိုပါ တခါတည်း ကြိုလာသည်မို့ 'ကွန်းခို' က အိမ်ကစောင့်နေရုံပင်၊

"ဘယ်သူမှ မရှိဘူးလား?"

'လွှမ်းတေဇ' ရဲ့မေးသံ၊
'ကွန်းခို' ခေါင်းသာညိတ်ပြလိုက်တော့

"အဲ့တာကို ခြံတံခါးက ဘာလို့ဖွင့်ထားတာလဲ? 'ကွန်းခိုရာ' နင် ကလေးလား? အကုန်ပြောနေရတယ်!"

"နင်တို့လာမှာမို့လို့ ခဏပဲဖွင့်ထားတာပါ"

"နောက် ဖွင့်မထားနဲ့"

"အင်းပါ"

"‌...'တေဇ' နင်က 'ကွန်းခို' အဖေလား?"

တစ်ချိန်လုံးတိတ်ဆိတ်နေသည့် 'စိုပြေ့' ဆီမှ အသံ၊
'လွှမ်းတေဇ' မှ ဘာမှပြန်မပြောသည်မို့ 'ကွန်းခို' ကပဲ စကား စ ရသည်။

"ဖေဖေနဲ့မေမေနဲ့ မိတ်ဆက်ပေးမလို့ကို၊ အခုလေးတင်ပဲ သွားလိုက်ကြတာ"

"ငါက သိတယ်လေ၊ ဆေးရုံမှာတွေ့နေကျပဲ၊ 'တေဇ' ပဲ မသိတာ"

"နောက်တစ်ခေါက်ကျ သေချာပေါက်မိတ်ဆက်ပေးမယ် နော်"

'လွှမ်းတေဇ' က ခေါင်းတစ်ချက်သာဆတ်ပြလာသည်၊

"မနက်စာ ဘာစားလာလဲ၊ မုန့်ဟင်းခါး သွားစားကြမလား? လမ်းထိပ်ကဆိုင်မှာ"

"ငါ ဘာမှမစားရသေးဘူး ဗိုက်ဆာတယ်၊ မုန့်ဟင်းခါးတော့မစားချင်ပါဘူး၊ တခြားဟာ"

"ရေခဲသေတ္တာထဲ ကိုယ့်ဘာသာသွားရှာ"

ဆက်တီမှာ အတူထိုင်နေကြရင်းမှ 'စိုပြေ'က သူ့အိမ်သူ့ယာလို မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ 'ကွန်းခို' ပါ နောက်က လိုက်ရင်း

"...'လွှမ်းတေဇ' ကော ဘာမှမစားဘူးလား? လာလေ တူတူစားမယ်"

...
"ဝါး~ 'ကွန်းခို' ငါစားဖူးသမျှထဲမှာ နင်ပြုတ်ပေးတဲ့ ခေါက်ဆွဲပြုတ်က အကောင်းဆုံးပဲ"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Where stories live. Discover now