"Aနဲ့Bကို ဆက်ဆွဲလိုက်ရင် ABQက တြိဂံဖြစ်သွားလိမ့်မယ် ဒါဆို 1/2bhပုံသေနည်းနဲ့ BQရဲ့အကွာအဝေးကိုရှာနိုင်ပြီ"
"...'လွှမ်းတေဇ'က တကယ်တော်တာပဲ၊ ဒီလိုကျအလွယ်လေးကို ငါတစ်ညလုံးစဉ်းစားတာတောင်မရဘူး တော်လိုက်တာ ဟီး"
ကြားနေရတဲ့ အသံအီအီကြောင့် 'ကွန်းခို' မျက်နှာကို ပိုလို့ မဲ့မိသည်။
"မျက်နှာက ရှုံ့မဲ့နေတာပဲ ဘာဖြစ်တာလဲ? ဂျေကိုက်တာလား?"
'ကွန်းခို' သက်ပြင်းသာ အသာချမိသည်။
"ဗိုက်အောင့်လို့လား?"
'ကွန်းခို' ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြမိတော့
"ဆေးပါမလာဘူးလား? သောက်လေ ရေရှိလား?"
'စိုပြေ'က စိုးရိမ်တကြီးမေးလာတာမို့ 'ကွန်းခို' နာကျင်နေရာက ခပ်ဖွဖွပြုံးမိသေးသည်။
"အဲ့လိုမဟုတ်ဘူး.. menstruationဖြစ်နေလို့ အောင့်တာမျိုး"
"ဒီနေ့မှ ဆေးသောက်မလာမိလို့"'ကွန်းခို' ပြောနေရင်းကပင် မျက်နှာလေးက ပိုရှုံ့မဲ့လာရပြန်သည်။
ဒီဝေဒနာကို ခံစားဖူးတဲ့သူပဲသိလိမ့်မည်၊ ကျောထဲကနေ အောင့်တက်လာကာ ခါးနေရာကထိုးကိုက်လာလိမ့်မည်၊ ဗိုက်အောက်ပိုင်းက အောင့်နေပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်းမရှိသလို၊ ဒူးအောက်ပိုင်းကနေပေါင်တစ်လျှောက်ထိ ညောင်းကိုက်နေတတ်ပြန်သည်။
'ကွန်းခို'ကတော့ ဒီလိုအချိန်တွေတိုင်း အကိုက်ခဲပျောက်ဆေးတွေ သောက်မှသာ၊ မဟုတ်လျှင် ခံစားရမသက်သာလှ။
"အာ အရမ်းနာနေလား? ငါက အဲ့လိုအချိန်တွေလည်း ဘာမှမဖြစ်တော့ မသိပေမယ့် သူများတွေပြောတာ အရမ်းနာတာတဲ့"
"...'ကွန်းခို'လေး သနားပါတယ်""ဟင် ဘာလို့လဲ? ဗိုက်အောင့်ပြန်ပြီလား?"
'စိုပြေ'က အသံကို တမင်ကျယ်အောင် မြင့်ပြောတော့မှ 'လွှမ်း'က မေးလာခဲ့သည်။
'ကွန်းခို' ဘာမှမပြောပဲ ခေါင်းကိုတဖက်လှည့်ကာ ခုံပေါ်ကိုမှောက်အိပ်ပစ်လိုက်တော့သည်မို့ 'ဘာဖြစ်တာလဲ?' ဆိုသည့် သဘောဖြင့် 'တေဇ'က 'စိုပြေ့'ကို အကူအညီတောင်းသလို ကြည့်လာတော့သည်။
KAMU SEDANG MEMBACA
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romansaမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး