"ကိုယ်...တောင်းပန်တယ်၊ မင်းလိုအပ်တဲ့အချိန်မှာကိုယ်ရှိနေမပေးခဲ့ဘူး၊ မင်းအတွက်အားကိုးရာဖြစ်မပေးခဲ့ဘူး"
"ဒါပေမယ့် ကိုယ် မင်းကိုချစ်တယ် 'ကွန်းခိုရာ'... မင်းကိုသေလောက်အောင်ချစ်တယ်၊ မင်းကိုပဲချစ်တယ်"
"စေ့စပ်ထားတာလား? ကိုယ်သာစိတ်မပါရင် အချိန်းမရွေးဖျက်ပစ်လို့ရတဲ့ ကိစ္စပဲ၊ မင်းစိတ်ထဲထားရလောက်အောင်ထိ အရေးကြီးတာမျိုးမရှိဘူး"
"အဲ့တာကြောင့် ကိုယ့်ကိုပဲကြည့်ပြီး ကိုယ့်ကိုပဲမြင်ပေးစမ်းပါ...၊ ဒီတိုင်းဘာမှ မတွေးပဲနဲ့လေ.."
"..."
"ဟင်?"
'ကွန်းခို'ကို ရင်ခွင်ထဲထည့်ထားရင်း သူဖြစ်ချင်ရာတွေကိုသာ အဆက်မပြတ်ပြောနေခဲ့သော 'လွှမ်း'
"ကိုယ့်ကို ချစ်တယ်မလား ဟင်?"
'ကွန်းခို'သည် ခေါင်းကို အဆတ်မပြတ်ငြိမ့်ပြရင်းက အကြောင်းပြချက်မရှိဘဲ 'လွှမ်း'၏ ရင်ခွင်ကျယ်ကြီးထဲ၌ ငိုခဲ့သည်။
ရင်ဘတ်တွေစိုလာသည်အထိ ငိုနေသူကြောင့် ရင်ခွင်ထဲကအတင်းဆွဲထုတ်ကာ မျက်နှာချင်းဆိုင်ရန်ကြိုးစားမိသော်လည်း လက်မခံ၊ ဖားပျံလေးကို အတင်းကပ်တွယ်ထားပြန်သည်။ ရှိုက်ကြီးတငင်ငိုနေသူ 'ကွန်းခိုရာ'ကြောင့် 'လွှမ်း' သက်ပြင်းမောကြီးကို ချမိသည်။ သူဝင်လာသော အရည်များသည်လည်း ဘယ်ကိုရောက်သွားပြီ မသိလေတော့...
"မငိုပါနဲ့ကွာ မင်းမျက်လုံးတွေ နာနေလိမ့်မယ်"
...
"အဟား မျက်လုံးတွေကတကယ်ဖောင်းနေတာကွာ .."
'တေဇ' ရှေ့ကဆူထော်လေးကိုကြည့်ပြီး အသည်းတယားယား၊
"အ.."
ကားစတီယာရင်ကို ကိုင်ထားတဲ့ 'တေဇ'ရဲ့ ညာဘက်လက်ကို 'ကွန်းခိုရာ'က ကိုက်ပစ်တာမို့ 'တေဇ'ရဲ့ ခပ်တိုးတိုးညည်းသံ ထွက်လာခြင်း၊
"နင့်ကြောင့်"
'တေဇ'က ဘာမှပြန်မပြောပဲပြုံးရုံသာ ပြုံးတော့ 'ကွန်းခိုရာ'က မကျေနပ်ပြန်၊ ကားတစ်ဖက်ခြမ်းကိုအတင်းတိုးကပ်ထိုင်ကာ တစ်ဖက်ကိုမျက်နှာလွှဲထားရာမှ ခဏအကြာမှာတော့ သူ့အနားပြန်လည်တိုးကပ်လာပြန်သည့် 'ကွန်းခိုရာ'...၊ 'တေဇ'ရဲ့ လက်ဖျံပေါ်က ကိုက်ရာကို ခပ်ဖွဖွ ဖိပွတ်ရင်းက
VOUS LISEZ
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Roman d'amourမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
