"' ဖြစ်ပြီးရင်ပျက်တဲ့လောကထဲမှာ မင်းလေးနဲ့တော့မြဲချင်ပါတယ် အခက်ခဲတိုင်းကိုရင်ဆိုင်မလို့ ကိုယ် မင်းလက်လေးပဲတွဲချင်ပါတယ် အသည်းတွေလည်းမကွဲချင်ပါတကယ် အိပ်မက်ထဲလည်း အမြဲနင်ပါတယ် ကိုယ်အတည်ပြောတာ နောက်တာမဟုတ်ဘူးမင်းလေးနဲ့တော့ မြဲချင်ပါတယ် ကိုယ်ဘယ်လောက်ပဲနှစ်သက်နေပါစေ မင်းလေးမကြိုက်ရင်ပြုပြင်မယ် မမှီတဲ့ပန်းကိုလှမ်းခူးဖို့အတွက် အချစ်မေတ္တာနဲ့ခူးချင်တယ် သစ္စာပန်းသီးလေးကိုစိုက်ပျိူးနှလုံးသားထဲက ဥယျာဉ်ဝယ် မင်းအပြုံးက ပျားရည်ဖြစ်ပြီး မင်းအမုန်းက ဆူးပင်လယ် "'
(Song Name-For My Favorite Person by M Three)
"ဆိုတော့ ချစ်လား ကိုယ့်ကို?"
"ဘော ကို ကိုယ်"
'ကွန်းခို' ဆီက ဆဲသံကြောင့် 'လွှမ်း'က ခပ်ညစ်ညစ်ပြုံးသည်။ တနင်္ဂနွေနေ့မို့ 'ကွန်းခို'တို့အားနေကြခြင်း၊ ဒီနေ့တော့ စတည်းချရာနေရာက 'ကွန်းခို့'အိမ်ဖြစ်သည်။ 'လွှမ်း'နဲ့ 'စိုပြေ'က မနက်ကိုးနာရီလောက်တည်းကရောက်နေကြတာဖြစ်သည်။ အိမ်ကို ဂစ်တာသယ်လာသည့် 'လွှမ်း'က ရောက်ကတည်းက တဒေါင်ဒေါင် တဒင်ဒင်နှင့် ပါးစပ်ထဲရှိသမျှ အကုန်လျှောက်ဆိုနေခြင်း၊
"' မတော်တဆ မင်းခလုတ်တိုက်ပြီးယောင်တောင်ကိုယ့်နာမည်လေးပဲဖြစ်ချင်တာ အိုး...မင်းက ကိုယ့်ရဲ့နတ်သမီးလေး..တိမ်တွေတောင်မင်းပြုံးတိုင်း ရပ်ပြီးငေး.... "'
(Song Name-For my favorite person by M Three)
"တော်ပါတော့ 'တေဇ'ရာ တောင်းပန်ပါတယ်ဟာ နော်"
'စိုပြေ'က TVမှ Channelတွေကို တစ်ခုပြီးတစ်ခုပြောင်းနေရင်းမှ ပြောလာတော့ 'လွှမ်း'ကော 'ကွန်းခို'ပါ ရယ်ကြသည်။
"ပျင်းစရာကြီး"
"ငါကော.."
'ကွန်းခို့' ညည်းတွားသံနောက် 'စိုပြေ့'အသံပါ ကပ်ပါလာသည်။
"ငါတော့ပျော်တယ် ဘေဘီလေးနဲ့အတူရှိနေတယ်လေ"
"Fu*k off!!!"
'စိုပြေ'က အသံကျယ်ကျယ်နှင့် ဆဲကာ ဧည့်ခန်းထဲမှ ထထွက်သွားလေသည်။ ရေခဲသေတ္တာထဲမှာ တစ်ခုခုကို မွှေနှောက်ရှာဖွေနေလေတော့မည်။
...
"...'ကွန်းခိုရာ' နင်ပြော အဲ့တာဘာအချိုး ချိုးတာလဲ?"
"ဘာကို ဘာအချိုး ချိုးရမှာလဲ"
လွန်ခဲ့တဲ့နှစ်ရက်၊ အောက်တိုဘာကျောင်းရက်ရှည်ပိတ်ပြီးငါးရက်အကြာမှာ စစ်ကိုင်းက မေမေ့မိတ်ဆွေ ဆရာဝန်လင်မယား အလည်လာကြသည်၊ သူတို့၏ သားဖြစ်သူ ဆယ်တန်းကျောင်းသား 'ကိုထက်သူနိုင်'ပါ လိုက်ပါလာသည်။ စကားပြောရတာလည်းကောင်းပြီး အကြိုက်ချင်းလည်းတူတာမို့ 'ကွန်းခို'နှင့် လွယ်လွယ်ရင်းနှီးသွားကြသည်။ အခုလည်း 'ကိုထက်'က လျောင်းတော်မူတောင်ပေါ်သွားချင်ပါတယ်ဆိုပြီး အဖော်မရှိတာရော၊ မေမေတို့ကပါ အတူသွားဖို့ပြောလာ၍ လိုက်သွားပေးဖြစ်သည်။ အပြန် 'Friend'မှာ အအေးဝင်သောက်ကြရာမှ 'လွှမ်း'က သူ့သူငယ်ချင်းများနှင့် ဆိုင်ထိုင်နေတာနှင့် သွားတိုးသည်။
သူတို့ကို တွေ့လိုက်တည်းကမျက်နှာထားတင်းမာသွားတဲ့ 'လွှမ်း'က ဆိုင်ထဲမှာတော့ ပြဿနာမရှာခဲ့၊
အပြန်မှာတော့ 'ကွန်းခို'ကို သူ့ဆိုင်ကယ်ပေါ်ဆွဲတင်လာပြီး 'ကွန်းခို'တို့အိမ်နဲ့သိပ်မဝေးလှတဲ့ လူရှင်းတဲ့ ချစ်သူလမ်းကြားမှာ ရပ်ကာ ရန်ဖြစ်နေရခြင်း။
"ငါမကြိုက်ဘူးလို့ပြောထားတယ်လေ၊အဲ့ကောင်နဲ့ နင်ပတ်သက်တာမကြိုက်ဘူးလို့ပြောထားတယ်လေ?"
"...'လွှမ်းတေဇ'..'ကိုထက်'က နင့်ထက်အကြီးနော်"
"အဲ့'ကိုထက်'ဆိုတာကိုလည်း ပြင်ထား၊ ဘာသဘောနဲ့အဲ့လိုလုပ်နေတာလဲ နင်?"
"..."
"ငါ့ကိုဖြတ်ပြီး သူနဲ့တွဲမှာလား?"
"...'လွှမ်းတေဇ'!!!"
"အဲ့တာအပြင်ဘာရှိသေးလို့လဲ? ပေးလေ အကြောင်းပြချက်"
"နင်ဘာလို့ အမြဲတစ်ဖက်သတ်ပဲ စွပ်စွဲနေရတာလဲ? ငါတို့ကြားမှာဘာမှမရှိဘူး ဒီတိုင်းသူက ဧည့်သည်မို့ ငါကဧည့်ဝတ်ကျေ.."
"အဟက်"
'လွှမ်း'ဆီမှ ခပ်ရွဲ့ရွဲ့ ရယ်သံကြောင့် ငိုသံပါနေတဲ့'ကွန်းခို့'စကားတို့ တစ်ဝက်တစ်ပျက်နှင့် ဆုံးခန်းမတိုင်လိုက်၊
"ဧည့်ဝတ်ကျေတာ? အင်း ဆက်ပြီးဧည့်ဝတ်ကျေနေလိုက်"
"..."
"ဒီတိုင်း လမ်းခွဲကြရအောင်၊ ငါတကယ်စိတ်ပျက်နေပြီ"
'တေဇ' ပြောပြီး ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့တော့သည်၊ ဟုတ်တယ်သူတကယ်ကိုစိတ်ပျက်နေပြီ၊ သူ့ကိုယ်သူကော၊ သူ့စကားနားမထောင်တဲ့ 'ကွန်းခိုရာ'ကိုကော...
...
အဟဲ ဓား^^
ESTÁS LEYENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
