00:31(uni ver)

22.8K 558 11
                                        

"ဖေဖေ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

'စိုပြေ' ကျောင်းမသွားခင် မနက်စာစားဖို့ စားပွဲမှာ ဝင်ထိုင်မိသည်။
ရောက်နှင့်နေပြီးသည့် ဖေဖေက ခုံမှာ ကျောမှီထိုင်နေကာ ပုံစံက နွမ်းလျလျနှင့်မို့ 'စိုပြေ' စိုးရိမ်တကြီးမေးမိသည်။
အခုနောက်ပိုင်း ဖေဖေက အသက်ရလာပြီဖြစ်ပြီး အဖေတစ်ခု သမီးတစ်ခုဘဝမို့ 'စိုပြေ'က ပိုဂရုစိုက် စိတ်ပူမိသည်။

"ဟင်း...."

ဖေဖေ့သက်ပြင်းရှိုက်သံက ကျယ်လောင်လှစွာ။

"ကျောင်းမှာ ပင်ပန်းလားသမီး"

"မပင်ပန်းဘူးဆို လိမ်သလိုဖြစ်နေပေမယ့် တကယ်မပင်ပန်းတာ၊ သမီးဝါသနာပါရာလေးမို့"

'စိုပြေ' ဖေဖေ့ရှေ့က ပန်းကန်ထဲ ကော်ဖီအနည်းငယ် ငှဲ့ပေးရင်း ပြန်ဖြေမိသည်။
ဆေးကျောင်းသူဘဝက စာတွေကော ဖိအားပါ များပေမယ့် 'စိုပြေ' ပျော်သည်။ အထူးသဖြင့် ပင်ပန်းချိန် စိတ်ဓာတ်ကျချိန်ပင်မရှိရအောင် ဂရုစိုက်ပေးတတ်သည့် ဖေဖေနှင့် ကိုကို သူမအနားရှိနေ၍ ပို၍ပျော်သည်။

"ဖေဖေနဲ့ စကားပြောရအောင်... သမီးအချိန်ရောရရဲ့လား"

"စကား ပုလ္လင်တွေ ခံစရာမလိုပါဘူး ဖေဖေရယ်၊ သမီးက ဖေဖေ့သမီးပဲ ဖေဖေ့မှာသာ ပြောစရာရှိရင် အချိန်မရလည်း နားထောင်ပေးဖို့က သမီးတာဝန်ပဲ"

"ဖေဖေ မနေ့က 'ဦးမိုးမာန်'သမီးနဲ့ တွေ့ခဲ့တယ်"

'စိုပြေ့' မျက်နှာမှာ မနှစ်မြို့ခြင်းအရိပ်တချို့ ဖြတ်ပြေးသွားသည်။

"သမီး သိစရာမလိုဘူးထင်တယ် ဖေဖေ"

"သား 'တေဇ'က 'ကွန်းခိုရာ'ဆိုတဲ့ကောင်မလေးကို အခုထိ သံယောဇဉ်ရှိနေတုန်းပဲ"

"..."

"လွန်ခဲ့တဲ့ လေးနှစ်၊ သမီး ငွေဆောင်မှာ ရှိနေတုန်းက အချိန်တွေ မှတ်မိရဲ့လား"

"ဖေဖေ သမီးမသိချင်တော့ဘူး"

"ဖေဖေကမှားခဲ့တာပါ ဖေဖေ့သမီးလေး ငယ်ငယ်တည်းက အမေဆိုတာလည်းမရှိ၊ ဖေဖေကလည်း အမြဲ အလုပ်ရှုပ်နေတတ်လို့ ခရီးဝေးမသွားဖူးတဲ့ ကလေးလေးက ကမ်းခြေမှာ ရေသူမလေးလို လှနေခဲ့တာလေ"
"ပြုံးရွှင်နေတဲ့ မျက်နှာ လှလှလေးနဲ့ သမီးရဲ့ အပျော်တွေကို ဖျက်ဆီးစေမိမှာ ဖေဖေစိုးရိမ်ခဲ့တယ်"
"မိဘတွေ အက်ဆီးဒန့်ဖြစ်ပြီး ချက်ချင်းပဲ မိဘမဲ့ဖြစ်သွားရှာတဲ့ 'ကွန်းခိုရာ'ကို ဖေဖေ မျက်နှာပြောင်တိုက်တိုက်နဲ့ပဲ သမီးဆီကို မဆက်သွယ်ဖို့ တောင်းဆိုခဲ့တာ"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Onde histórias criam vida. Descubra agora