'စိုပြေ'ကလည်း မန္တလေးပြန်သွားသလို 'လွှမ်း'နဲ့လည်း လမ်းခွဲလိုက်ပြီမို့ 'ကွန်းခို'မှာ ဆက်သွယ်စရာလူတို့ရှိမနေခဲ့။
ပျင်းပျင်းနှင့် New Feedsမှာတက်လာသမျှ လျှောက်ကြည့်နေရင်း notiတက်လာလို့ဝင်ကြည့်မိတော့ 'စိုပြေ'ကပုံတင်ထားသည်။
'Chill at ChaungTha'ဆိုသည့် captionနှင့်အတူ 'စိုပြေ'ရယ် 'လွှမ်း'ရယ် 'အကိုမင်းတေဇ'ရယ်နှင့် 'ချောင်းသာ' မှာအတူရိုက်ထားကြတဲ့ပုံ၊ 'စိုပြေ့'ရဲ့ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးက အဝါနုရောင် one pieceလေးနှင့်အရမ်းလှနေသလို 'လွှမ်း'တို့ညီအကိုနှစ်ယောက်ဟာလည်း ဟာဝိုင်အီ shirtတွေနှင့်မို့ ကမ်းခြေနှင့်လိုက်ဖက်ညီနေကြသည်။ ပြုံးနေတဲ့သုံးယောက်သားကိုကြည့်ပြီး 'ကွန်းခို'ဆီပါ အပျော်တွေကူးစက်လာသလို။
အကြောင်းအရင်းလည်းမရှိပါပဲ ကျလာတဲ့မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းပဲ ဖိပွတ်သုတ်ပစ်လိုက်မိသည်။
ဘာကြောင့်ရယ်မသိ သူမဒီနေ့ တကယ်ကိုငိုချင်နေမိသည်။ဝရန်တံတာကိုထွက်ပြီးလေကောင်းလေသန့်လေးရှူကာပြန်ဝင်လာတော့ မေမေ့ဆီက miss calledတွေ့သည်မို့ ပြန်ခေါ်တော့မကိုင်၊ ဒုတိယအကြိမ်ထပ်ခေါ်တော့မှ ဖြေဆိုသူပေါ်လာသည်။ မေမေတော့မဟုတ်ခဲ့၊
ကြားလိုက်ရတဲ့စကားတွေကြောင့် 'ကွန်းခို'မှာ စဉ်းစားနိုင်စွမ်းတို့မရှိတော့၊ အိမ်ထဲကနေခပ်မြန်မြန်ပဲ အရူးတပိုင်းလိုပြေးထွက်လာခဲ့သည်။ အိမ်တံခါးလည်းမပိတ်ခဲ့မိသလို စက်ဘီးနှင့်သွားရင်ပိုမြန်တယ်ဆိုတာကိုလည်း မချင့်ချိန်နိုင်ခဲ့၊
ဆေးရုံရောက်တော့ ရင်ခွဲရုံကိုတန်းသွားမိတော့ ပုံပျက်နေတဲ့ ဖေဖေ့ရဲ့ ရုပ်အလောင်းဘေးမှာပဲ ထပ်ပြီးပုံပျက်နေတဲ့မေမေ့ရဲ့ ရုပ်အလောင်းကိုပါ အတူယှဉ်လို့တွေ့လိုက်ရသည်။
'ကွန်းခို'အရုပ်ကြိုးပြတ်ထိုင်ချမိတော့သည်။ 'ကွန်းခို'ဘာမှမလုပ်တတ်၊ 'ကွန်းခို'ဘာမှမသိ၊
*ဒါဟာအိပ်မက်ပဲဖြစ်ပါစေ ကျေးဇူးပြုပြီး၊ ဒီအိပ်မက်ကနေပြန်နိုးထပါရစေ..*
အိမ်ပြန်လာခဲ့ကြတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ဆိုင်ကယ်ကို လမ်းကြားထဲကထွက်လာတဲ့ light truckတစ်စီးက အရှိန်ပြင်းပြင်းနှင့်ဝင်တိုက်လိုက်သည်တဲ့၊ အရက်လည်းအများကြီးသောက်ထားသည်ဟုဆိုသည့် ကားသမားကိုတော့ဖြင့် ရဲတွေကဖမ်းခေါ်သွားကြသည်။
'ကွန်းခို'ဘာလုပ်ရမလဲတကယ်မသိ၊ 'ကွန်းခို'ကို ဖေဖေ့သမီးမှန်းသိကြသူများက သနားသလိုကြည့်ကြသည်။
"ငိုချလိုက်၊ ငိုလိုက်ပါကွာ..."
ရင်ခွဲရုံထဲမှာပဲ မတ်တတ်ရပ်လျက် ကြောင် အ နေဆဲ 'ကွန်းခို'အနားမှာ နှစ်သိမ့်ပေးနေသူဟာ 'ကိုထက်'ကလွဲလို့ အခြားသူတို့ရှိမနေပါ။
...
တစ်ဦးတည်းသောသား ဖေဖေဟာ ဖွားဖွားဆုံးပြီးကတည်းက ဆွေမျိုးဆိုတာမရှိခဲ့၊ စစ်ကိုင်းဇာတိမေမေ့ရဲ့ စစ်ကိုင်းမှာနေတဲ့ ဒေါ်လေး'မြသွယ်'နောက်သို့ 'ကွန်းခို'လိုက်ပါသွားရပါတော့သည်။
ရပ်ကွက်ထဲမှာ ပြောပြောနေကြသည့် 'အစိမ်းသေ'ဆိုတာကြောင့် ဖေဖေနဲ့မေမေ့အတွက်ရက်လည်ဆွမ်း လုပ်ခွင့်မရခဲ့၊
'ကွန်းခို'ရဲ့ ဖြစ်သွားတဲ့ပြဿနာတွေကြောင့် ကျောင်းအုပ်ဆရာကြီးက ချွင်းချက်အနေဖြင့် ကျောင်းပိတ်ရက်မှာ TC(ကျောင်းပြောင်းလက်မှတ်) ထုတ်ပေးခဲ့သည်၊
'အန်ကယ်က မအားလို့ သမီးလေးက တစ်ခါမှခရီးမထွက်ဖူးဘူး၊ သူအခုပျော်နေရှာတာ' ဆိုသည့် 'စိုပြေ့'ဖေဖေ 'ဦးမင်းဗညား'ရဲ့ စကားတို့ကြောင့် 'စိုပြေ့'ဆီကို မဆက်သွယ်ခဲ့တော့။
'လွှမ်း'ကတော့ သိချင်နေမှာမဟုတ်တာမို့ 'ကွန်းခို'အကြောင်းတွေပြောပြဖို့ရာ မလိုလှ။
အောက်တိုဘာကျောင်းရက်ရှည်ပိတ်ရက်တွေဟာတော့ 'ကွန်းခို'အတွက် တကယ်မလှခဲ့ပါ။
...
sry for late^^
မနေ့ကတင်မလို့ဟာ မီးပျက်နေလို့'(
YOU ARE READING
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး