'တေဇ ကုန်မာဆိုင်' ဆိုသည့် ဆိုင်းဘုတ် ကြီး ကြီး နှင့် သုံးထပ်တိုက်ကြီးအား 'ကွန်းခို'မော့ကြည့်မိလိုက်သည်။ main လမ်းမပေါ်၌ ရှိသည်မို့ရှာပင်မရှာလိုက်ရ၊ မှန်ပြတင်းများနှင့်ထည်ဝါလှသည့် မိုးပြာရောင် အိမ်ကြီးက အပြင်ကကြည့်ယုံနှင့်ပင် အရှိန်အဝါတစ်ခုကို ခံစားရစေသည်။ 'ကွန်းခို' စက်ဘီးလေးကိုင်ရင်း အပြင်ကငေးနေတုန်း 'လွှမ်းတေဇ'က အိမ်ထဲကထွက်လာခဲ့တော့သည်။
ချည်သားဂါဝန်အဝါနုရောင်လေးနှင့် ဂုတ်ထောက်ဆံပင်များကို စုစည်းထားတဲ့ 'ကွန်းခိုရာ'က ဘဲပေါက်လေးနှင့်တူလှသည်။ ဘဲရုပ်ဆိုးလေးတော့မဟုတ်၊ ချစ်ဖို့ကောင်းတဲ့ ဘဲသေးသေးလေးလိုပင်၊
နှစ်ယောက်သား အကြောင်းအရင်းမရှိပါပဲ စိုက်ကြည့်နေမိကြရင်းက 'တေဇ' မှ ပထမဆုံး အသံပြုလိုက်မိတော့သည်။
"လာလေ"
*Shitt အသုံးမကျလိုက်တဲ့ ငါ ၊ ပြောစရာ စကားက 'လာလေ'ပဲ ရှိတာလား?*
"ဟင်? အင်း"
'ကွန်းခို' အယောင်ယောင်အမှားမှား ခေါင်းငြိမ့်ပြမိတော့ 'လွှမ်းတေဇ'က တစ်ချက်သာကြည့်ပြီး ခြံတံခါးသွားဖွင့်လာသည်။ ပြီးနောက် 'ကွန်းခို'ကိုင်ထားဆဲဖြစ်သော 'ကွန်းခို့'စက်ဘီးလေးအား ယူလိုက်ကာ ခြံထဲတွန်းဝင်သွားတော့သည်။ ခြံက အတော်ကျယ်ဝန်းသည့်အပြင် ဂိုထောင်ပုံစံမျိုး တိုက်ပုလေးကိုလည်း တစ်စွန်းတစ်စ လှမ်းမြင်လိုက်ရသေးသည်။
'လွှမ်းတေဇ'က အိမ်ထဲဝင်သွားသည်မို့ 'ကွန်းခို' ပါအတူလိုက်ဝင်ရတော့သည်။
အိမ်ထဲရောက်တော့ ကောင်တာမှာထိုင်နေသည့် အန်တီချောချောက 'ကွန်းခို' ကိုအပြုံးနှင့်ဆီးကြိုကာ ထိုင်နေရာမှ ထ လာခဲ့သည်။"လာ သမီးလေး"
'လွှမ်းတေဇ' မေမေဖြစ်ပုံရသည့် ထိုအန်တီမှ ဧည့်ခန်းထဲက ဆက်တီတွေဆီသို့ဦးတည်သွားသည်မို့ 'ကွန်းခို'ကော 'လွှမ်းတေဇ' ပါ နောက်ကလိုက်ရသည်။
"ထိုင်လေ သမီးလေး၊ 'စိုပြေ' လေးတော့ရောက်မလာသေးဘူး"
"ဟုတ် အန်တီ"
'ကွန်းခို' ဆက်တီမှာဝင်ထိုင်တော့ 'လွှမ်းတေဇ'ပါ ဘေးခုံမှာဝင်ထိုင်လာသည်။
![](https://img.wattpad.com/cover/301025880-288-k736930.jpg)
VOUS LISEZ
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Roman d'amourမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး