00:41(uni ver)

14.8K 460 14
                                    

"ရောက်ပြီလား"

"အင်း အေးလွန်းလို့ ရေတောင်မချိုးချင်ဘူး"

"ညစ်ပတ်ကွာ"

"ညစ်ပတ်လည်း ကိုကိုကတော့ ချစ်"

"ဘေဘီကကွာ..."

Guide အဖွဲ့နှင့်အတူ 'ကွန်းခို'က ကလောသို့ရောက်နေတာဖြစ်သည်။ ‌တစ်ရေးအိပ်ပြီး ရေချိုးရန်ပြင်နေစဉ် 'လွှမ်း'ဆီက video call ဝင်လာတာမို့ကုတင်ပေါ်ထိုင်ကာ ပြောနေခြင်း။

"နေ့လည်စာ စားပြီးပြီလား"

"ဘေဘီနဲ့ ပြောပြီးမှ"

'ကွန်းခို'ဆီမှာ ညနေ 6:30မို့ 'လွှမ်း'ဆီတွင်တော့ နေ့လည် 12:00ဖြစ်လိမ့်မည်။

"နောက်ကျနေပြီနော်"

"လွမ်းတယ်"

"..."

"ဘေဘီ့ကို နမ်းချင်တယ်"

'လွှမ်း' UKကိုရောက်တာ ဘာလိုလိုနှင့် ငါးလပြည့်တော့မည်ဖြစ်သည်။တကယ်တမ်းကျ ‌တွေးထားသလောက်မလွယ်သည်မို့ ဒီအတောအတွင်း တစ်ကြိမ်လေးတောင် မတွေ့ရသေးပေ။
'ကွန်းခို' သက်ပြင်းဖွဖွ ချမိသည်။
'လွှမ်း'က ပိန်သွားသည်မှာ သိသာလှသည်။ မေးရိုးတွေမှာ သိသိသာသာကို ထင်းထွက်နေကာ မျက်တွင်းတွေလည်း ချိုင့်နေသေးသည်။

'ကွန်းခို'နှင့် ဖုန်းပြောချင်၍ ညဘက်တွေမအိပ်ဘဲ‌စောင့်နေတတ်တာလည်း ပါမည်။
သေချာကြည့်မှ မျက်လုံးတွေကော နှာခေါင်းထိပ်တွေပါ ရဲနေတာဖြစ်သည်။

"နေမကောင်းဘူးလား 'လွှမ်း'..."

"..."

"မေးနေရင် ဖြေလေ"

"အင်း နည်းနည်း"

'ကွန်းခို' နောက်တစ်ကြိမ် သက်ပြင်းထပ်ချမိသည်။

"ကိုယ့်ကိုယ်ကိုယ် ဘာလို့ဂရုမစိုက်တာလဲ 'လွှမ်း'..."

'ကွန်းခို'လေသံမြင့်ကာ ဆူသလိုပြောမိတော့ မျက်နှာငယ်ဖြင့်။ 'လွှမ်း'က တော်ရုံလောက်နှင့် မဖျားနာတတ်တာမို့ ဘယ်လောက်ထိ ပေတေနေသည်မသိ။

"ဘေဘီက ကိုယ့်ကို ပစ်ထားတာကို..."

'လွှမ်း'အသံက အဆုံးမှာ တိုးဝင်ကာတုန်လျက်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Tempat cerita menjadi hidup. Temukan sekarang