00:03(uni ver)

14.6K 513 2
                                    

"သမီး ဆရာဝန်ကြီးသမီးနဲ့ guideသင်မလို့ဆို"

"ဟင်?"

ညစာ အတူစားနေကြရင်းကမှ ဖေဖေကမေးလာခဲ့သည်။ မေမေကတော့ night dutyရှိ၍ အိမ်၌မရှိ၊

"ဟုတ်ဖေဖေ ဒါပေမဲ့အချိန်က အဆင်မပြေလို့မသင်ဖြစ်တော့ဘူးရယ်"

"ဆိုတော့ သမီးဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ"

"သမီးကျူရှင်ပဲတက်မလားလို့ ဖေဖေ"

"ကောင်းပါတယ်၊ သမီးအဆင်ပြေရင်၊ guideခေါ်ချင်လည်းခေါ်ပေးမယ်နော်"

"အာ ရတယ်ဖေဖေ"

ဖေဖေကခေါင်းငြိမ့်ပြပြီးညစာဆက်စားနေတာမို့ 'ကွန်းခို'လည်း အသံမထွက်တော့ပဲမြန်မြန်စားလိုက်ရသည်။
ပန်းကန်တွေဆေးပြီးတော့ အခန်းထဲဝင်ကာ စာလုပ်ရတော့သည်။
သင်္ချာတစ်ပုဒ်ကနားမလည်၍သည်အတိုင်းသာထားလိုက်ရသည်၊ ဖေဖေ့ကိုမေးရင်ရပေမယ့် ဖေဖေပင်ပန်းနေတာကြောင့်အေးဆေးနားစေချင်သောကြောင့်ပင်။
.....

"ဟိုလေ 'စိုပြေ' ငါ့ကိုဒါလေးရှင်းပြပါလားနော်? မနေ့ကအိမ်စာပေးလိုက်တဲ့ဟာ ငါနားမလည်လို့"

"ဟင် ဘယ်ဟာ? အာ အဲ့တာကလား ခဏနော်"

'စိုပြေ'က အတော်အတန်ကြာကြည့်နေပြီးမှ

"A square plus B square equal to C squareဆိုတော့....."

"အာ ကျေးဇူးကွာ နားလည်သွားပြီ 'စိုပြေ' အကောင်းဆုံး"

'ကွန်းခို' လက်မနှစ်ဖက်လုံးထောင်ပြကာပြောမိတော့သည်။
.....

ချစ်စရာလေး၊ ချစ်လွန်းလို့ရူးတော့မှာပဲကွာ 'စိုပြေ့'ကို ကပ်ချွဲနေလိုက်ပုံများ ကလေးလေးလိုပဲ၊

အမှန်ပြောရရင် ဒီကလေးမကို (၈)တန်း‌ရောက်သည်ထိ သူ သတိမထားမိခဲ့

မဟုတ်ဘူး (၈)တန်းပြီးတာတောင်သူမသိခဲ့ဘူး၊ တန်းခွဲတွေလည်းမတူခဲ့သလို သူဆိုတဲ့ 'လွှမ်းတေဇ'ကလည်း တခြားသူအကြောင်းစိတ်မဝင်စားတတ်တဲ့ကောင်မို့ပင်၊

(၈)တန်းအတန်းတင်စာမေးပွဲကြီးဖြေဖို့ ခုံနံပါတ်တွေ ဟိုရော ဒီရောလုပ်တော့မှ ဒီကလေးမကိုသူသိခဲ့တာ၊ ပထမဆုံး မြန်မာစာဖြေတဲ့နေ့မှာ သူကကျောင်းဆောင်အပေါ်ထပ်က စာသင်ခန်းရှေ့ဝရန်တာမှာရပ်နေခဲ့ပြီး ဒီကလေးမကတော့ သူငယ်ချင်းတွေနဲ့ ကျောင်းအောက်ကအပင်ရိပ်မှာရပ်နေခဲ့တာ၊ ပြီးတော့ အပေါ်ကိုမော့ပြီး
'ဟဲ့ အဲ့တာအခန်း(၂၇)လား'တဲ့လေ၊ သူလည်းအယောင်ယောင်အမှားမှားနဲ့ပဲ ခေါင်းငြိမ့်ပြလိုက်မိသည်။

သူ့ကိုပိုင်စိုးပိုင်နင်းနှင့်စကားပြောတတ်တဲ့ကောင်မလေးမျိုးကို ပထမဆုံးတွေ့ဖူးတာပင်၊

ဖြစ်ချင်တော့စာမေးပွဲခန်းထဲမှာသူနဲ့ ထိုကလေးမဟာ ဘေးချင်းကပ်ရက်ထိုင်ဖြေကြရသည်၊ အစပိုင်းက ဘာသိဘာသာပေမယ့် 'သမိုင်းဘာသာ'ဖြေတဲ့နေ့မှာတော့ ထိုကလေးမက သူ့ကိုတိုးတိုးလေးခေါ်လာခဲ့သည်၊

ပြီးတော့
'မှင်ကုန်သွားလို့ဘောပင်ငှားပါ'တဲ့၊

ထပ်ပြီးစာမေးပွဲခန်းထဲ ဘောပင်မှင်ကုန်တဲ့ကျောင်းသူ ပထမဆုံးတွေ့ဖူးတာပင်၊ စာမေးပွဲခန်းထဲက ထွက်ကြတော့မှ ဘောပင်‌ပြန်ပေးရင်း
'ကျေးဇူးနော် စိတ်လောပြီးအိတ်မှားယူလာမိလို့'ဆိုပဲ၊ 'သိပ္ပံဘာသာ'မဖြေခင် ကျောင်းနှစ်ရက်ပိတ်ပေးတော့မှ သူသေချာသွားခဲ့သည်၊ ဒီကလေးမကို သူအတော်ဖြစ်နေခဲ့ပြီဆိုတာ၊

စာမေးပွဲဖြေပြီးတာနဲ့ချက်ချင်းပြန်သွားခဲ့လို့စကားပြောခွင့်တောင်မရလိုက်ပါ၊ အခွင့်ရှိလျှင်တောင် သူပြောမိပါ့မလားဆိုတာလည်းမသေချာ၊ ကျောင်းပိတ်ရက်တွေအတွင်း social mediaတွေမှ ဆက်သွယ်ဖို့သူကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့၊

သူသိတဲ့ 'ကွန်းခိုရာ' ဆိုတဲ့နာမည်နဲ့ Facebook, Instagram စတဲ့ online platformတွေမှာ ရှာခဲ့ပေမယ့်လည်းမတွေ့ခဲ့၊

ထို့ကြောင့် ဒီနှစ်တော့ကျောင်းရောက်တည်းက သူမကိုလိုက်ရှာခဲ့တာဖြစ်သည်။ စက်ဘီးကိုလည်းတမင် သူမထားရာနေရာမှာ ကပ်ရပ်ခဲ့တာပင်။

အမှန်ဆို သူထိုင်ရမည့်အတန်းက (S3)ကိုပင်၊ (S5)ထဲမသွားချင်တဲ့ကောင်မလေးတစ်ယောက်နဲ့ စာရွက်လဲခဲ့ကြတာဖြစ်သည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Donde viven las historias. Descúbrelo ahora