00:14(uni ver)

12.7K 528 8
                                    

"...'လွှမ်း' ငါ့ကို ဒါလေးရှင်းပြပါလား"

ဒီနေ့က တနင်္ဂနွေနေ့မို့ guideဆရာမ မလာပေမယ့် 'ကွန်းခို'တို့လျှောက်လည်ဖို့ရာ မအားကြပါ၊ အကြောင်းကတော့ နောက်တစ်ပတ်ဆို လပတ်စာမေးပွဲ(အရည်အချင်းစစ်စာမေးပွဲ) ရှိလို့ပင်၊ အန်တီ'မြနန္ဒာ'က ရှမ်းခေါက်ဆွဲနှင့် တိုဟူးကြော် လုပ်ကျွေးမည်ဆိုသဖြင့် 'လွှမ်း'တို့အိမ်မှာပဲ စာစုလုပ်ဖြစ်ကြသည်၊ 'စိုပြေ'က chemistryတွက်စာတစ်ပုဒ်ကို စိတ်နှစ်ကာ တွက်နေတာမို့ ဘောပင်န်တစ်ချောင်းအား လှည့်လည်ကာ ဆော့ကစားနေသည့် 'လွှမ်း'ကိုသာ မေးမိခြင်း၊

စာတော်သည့် 'လွှမ်း'က ဉာဏ်ကောင်းတာထက်ကိုပိုသည်၊ IQ တစ်ရာကျော်နှင့်မို့ ဘာကိုမဆို ခက်ခက်ခဲခဲမ မှတ်ရပါဘဲနှင့် အလွယ်တကူမှတ်မိကာ ဘယ်တော့မှလည်း မမေ့တတ်၊

အားသာချက်ကလည်း မမေ့တတ်တာဖြစ်ပြီး အားနည်းချက်ကလည်း မမေ့တတ်တာပင်။

သင်္ချာပုစ္ဆာများဆိုလျှင်ဘယ်လောက်ပဲခက်ခက် တစ်ခေါက်ရှင်းပြရုံနှင့် နားလည်နိုင်သည်၊ Read The Passageတွေဆို တစ်ခေါက်ပဲဖတ်တတ်ကာ 'ကွန်းခို'သာမက 'စိုပြေ'ပါ အလွတ်ကျက်လေ့ရှိသော Eassy နှင့် Latterများကိုတော့ လက်တန်းပဲချရေးလေ့ရှိသည်။

စာစီစာကုံးဆို ဘယ်လိုခေါင်းစဉ်လာလာ အကောင်းဆုံးဖြစ်အောင်ရေးနိုင်သူမို့ အခုဆို ကိုးတန်း မြန်မာစာ ဆရာမ၏အချစ်တော်လေးပင် ဖြစ်နေလေပြီ၊ 'ကွန်းခို'ကောင်းကောင်း မဆွဲတတ်သော bioပုံတွေဆိုလည်း 'လွှမ်း'က key pointsတွေပြောပြလိုက်လျှင် အဆင်ပြေသွားသည်သာ။

ဒါကြောင့်လည်း (၈)တန်းတုန်းက လူရည်ချွန်ဖြစ်ခဲ့တာပင်၊ 'လွှမ်းတေဇ'ဆိုသည့် သူကတော့ ဘာမှခက်ခက်ခဲခဲ ကြိုးစား လုပ်ယူထားခြင်း မရှိလှပဲနဲ့ကို အရာရာ၌ ထူးချွန်နေတာဖြစ်သည်။

"...'ကိုကို' လို့ခေါ် "
"...'ကိုကို'လို့ခေါ်မှ ရှင်းပြနိုင်မယ်"

"အဟက်"

'ကွန်းခို' လှောင်သလိုလို ခနဲ့သလိုလိုရယ်မိတော့ 'လွှမ်း'က မျက်မှောင်ကုတ်သည်။

"...'ကိုကို'လို့ခေါ်စေချင်ရင် အန်တီ'မြနန္ဒာ'ကို 2006ရှေ့ပိုင်း စောမွေးခိုင်းလေ"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Onde histórias criam vida. Descubra agora