00:33(uni ver)

23.5K 610 12
                                        

"ဟင့်အင်း 'နွယ်' လက်မခံနိုင်ဘူး၊ 'နွယ်'က မိန်းကလေးလေ ဒီလိုလုပ်တော့ 'နွယ်'ကပဲ အရှက်ရမှာပေါ့ 'နွယ့်'ဘက်ကိုလည်းငှဲ့ပါဦး 'လွှမ်း' ရဲ့"

"ကျစ် မင်း၊ အဲဒီ 'လွှမ်း'ဆိုတာကိုမခေါ်နဲ့လို့ ခဏခဏပြောထားတယ်လေ"

ညစာစားပြီးနောက် ဧည့်ခန်းထဲ၌ ကော်ဖီထိုင်သောက်ကြရင်းမှ 'တေဇ'၏အပြောကို 'မနန်းစောနွယ်'က ခါးခါးသီးသီးဖြစ်နေခြင်း။

"ဟင့်အင်းနော် ဒယ်ဒီ ပြောပါဦး မာမီ"

"ဟင်း..."

'ဦးဟန်သာ'က သက်ပြင်းလေးတစ်ချက်ကို ဆွဲငင်သည်။ ဒီလိုဖြစ်မယ်မှန်းအစတည်းက 'ဦးဟန်သာ' ခန့်မှန်းမိပြီးသားပင်။

ဒီကောင်လေး 'လွှမ်းတေဇ'ရဲ့မျက်လုံးတွေထဲ သူ၏သမီး 'နွယ်' ကိုချစ်ခင်သည့်အရိပ်အယောင်ရှာမတွေ့၊ သူ့ကိုလည်း ခပ်တန်းတန်းပဲဆက်ဆံကာ သမီးငယ်အားလိုချင်နေသူကောင်လေးတစ်ဦးက အဖေအားမျက်နှာလုပ်ကာပြုမူဆက်‌ဆံပုံမရှိ။

မစေ့စပ်ခင်တည်းက စကားအပြတ်ပြောပြီးသားမို့ အတင်းဖက်တွယ်ထားလောက်အောင်ထိလည်း သူတို့မိသားစုက အရှက်မဲ့မနေကြပါ၊သမီး'နွယ်'ကိုကြည့်ပြီး စိတ်တော့မကောင်းလှချေ။

အမှန်ဆို 'ဦးဟန်သာ'တို့မိသားစုသည်လည်း မျိုးနှင့်ရိုးနှင့်ပင်၊ ကြားထဲ 'ဦးဟန်သာ'က လောင်းကစားစွဲကာ စီးပွားယိုင်နှဲ့ရခြင်းဖြစ်သည်။ 'ဦးတေဇ'တို့နှင့်လည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနေခဲ့ကြတာမို့ 'ဦးဟန်သာ'တို့ ခက်ခဲနေချိန် 'ဦးတေဇ'က ကူညီပေးခဲ့ခြင်းဖြစ်သည်။ အခုဆို 'ဦးဟန်သာ'ကလည်း လောင်းကစားဖြတ်ကာ ကောင်းကောင်းမွန်မွန်နေထိုင်နေပြီဖြစ်သည်။

"သမီး ခဏနေပါဦး၊ ဒယ်ဒီတို့ပြောမယ်ဖြတ်မပြောနဲ့"

သမီးဖြစ်သူကို ဟန့်ရင်း ဟန်ကိုယ်ဖို့ရသည်။

"ကျွန်တော်အစတည်းကပြောခဲ့ပါတယ် အန်ကယ်၊ အချိန်တန်ရင်ပွဲကိုဖျက်မှာပါလို့လေ၊ ပြီးတော့ 'မနန်းစောနွယ်' မင်းကမိန်းကလေးဆိုတာကို ကိုယ်ငှဲ့လို့ တခြားမလိုအပ်တဲ့နေရာတွေမှာ ကိုယ်နဲ့စေ့စပ်ထားတာကို ကိုယ်မပြောဖို့တားခဲ့တယ်နော်၊ မင်းတို့လုပ်ငန်းတွေအတွက် ကိုယ့်နာမည်သုံးဖို့ကိုယ်ကျေကျေနပ်နပ်ကြီးလက်ခံသင့်သလောက် လက်ခံခဲ့ပြီးပြီ၊မင်းဘက်ကစေ့စပ်ပွဲဖျက်တာပါလို့ ပြောဖို့လည်းကိုယ်ခွင့်ပြုပေးပြီးပြီ၊ ဒါကြောင့် အေးအေးဆေးဆေးပဲသွားကြရအောင်၊ အကျယ် အကျယ်တွေဖြစ်မှာကို ကိုယ်တကယ်မလိုလားဘူး"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Onde histórias criam vida. Descubra agora