"...'စိမ်းစိုပြေ' ကိုယ် 'ကွန်းခိုရာ'နဲ့တွေ့လာတယ်"
စားပွဲပေါ်တင်ထားတဲ့ 'စိုပြေ့'လက်တွေ မသိမသာတုန်သွားကာ ခန္ဓာကိုယ်ကလည်း မတ်ကနဲဖြစ်သွားလေသည်။ 'စိုပြေ'က ခပ်မြန်မြန်ပဲ သူမအမူအယာကိုထိန်းလိုက်နိုင်ပေမယ့် 'တေဇ'ကတော့ သေချာပေါက်သတိထားမိသွားမည်ဆိုတာကိုလည်း သူမသိသည်။
"ဘယ်လိုတွေ့ခဲ့လဲ မမေးတော့ဘူးလား?"
'တေဇ'သည် ခုံကိုခပ်လျော့လျော့ မှီထိုင်ထားရာမှ ရှေ့က ကော်ဖီခွက်ကိုယူသောက်ရင်း အေးဆေးစွာ ပြောလာခဲ့သည်။
"ငါနဲ့ ဘာမှ မပတ်သက်တဲ့လူတစ်ယောက်အကြောင်းကို အရေးတယူလုပ်ပြောနေဖို့အချိန် ငါ့မှာမရှိဘူး"
"အဟက်"
'တေဇ'ရဲ့ ခပ်ရွဲ့ရွဲ့ ရယ်သံနောက်မှာ 'စိုပြေ'အောက်နှုတ်ခမ်းသားတို့ကိုသာ တင်းတင်းကြပ်ကြပ် ဖိကိုက်ထားလိုက်သည်။
တကယ်ဆို သူမ မှားတာဘာမှမရှိ၊ သူမနှလုံးသားရဲ့ ထိန်းကြောင်းရာလမ်းနောက်ကို သူမ လိုက်ခဲ့ရုံသာ...။...
"ကိုယ်နဲ့ စကားပြောရအောင် 'ကွန်းခိုရာ'..."
"မငြင်းနဲ့ ရှောင်လည်းမပြေးနဲ့"ဘယ်အချိန်တည်းက ရောက်နေခဲ့မှန်းမသိတဲ့ 'လွှမ်း'က 'ကွန်းခို'ကိုတွေ့တာနဲ့ အတင်းလာဆွဲလေသည်။
အားရီ(စာအုပ်ဆိုင်ပိုင်ရှင်)က စူးစမ်းဟန်ကြည့်နေတာမို့ 'ကွန်းခို'စိတ်လျှော့ကာ လိုက်လာခဲ့ရတော့သည်။မန္တလေးမြို့ရဲ့ ညနေခင်းဟာ သေလောက်အောင်လှသည်။ ပုစွန်ဆီရောင် တိမ်စိုင်တွေကြားမှာ ငှက်ကလေးတွေကိုလည်းမြင်နိုင်သည်၊ ရော်ရွက်ကလေးတွေကိုလည်း မြင်နိုင်သည်။
"အွန်း.အင့် ဖယ်"
ကျုံးတစ်ဖက်ခြမ်းမှာ ကားကို ဖြစ်ကတတ်ဆန်းရပ်လိုက်တဲ့ 'လွှမ်း'က seat beltကို ချက်ချင်းဆွဲဖြုတ်ကာ 'ကွန်းခို'နှုတ်ခမ်းတွေကို အတင်းစုပ်နမ်းလာခဲ့သည်။ ငြင်ငြင်သာသာမရှိတဲ့ အနမ်းတွေကြားမှာ ဒေါသတွေကိုခံစားမိသည်။ ပူပန်စိတ်တွေကိုလည်းမြင်နိုင်သည်။
စကားတို့ကိုဆိုခွင့်မပေးပဲ ဆွဲချုပ်နမ်းနေတဲ့ 'လွှမ်း'က 'ကွန်းခို'ရဲ့ လျှာဖျားတို့ကိုဆွဲစုပ်လာချိန်မှာတော့ cigaretteနံ့တို့ရောနေခဲ့သော alcoholအရသာ ခါးခါးကို ထိတွေ့လိုက်မိသည်။
ခေါင်းကိုဘယ်ညာယမ်းကာ ရုန်းဖယ်ကြည့်တော့ ပူပြင်းနေတဲ့ လက်သွယ်သွယ်နဲ့ 'ကွန်းခို'လည်ပင်းသားတို့ကို ဖျစ်ညစ်ထိန်းကိုင်လာပြန်သည်။
ČTEŠ
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး