"သားကို UKမှာDiplomaယူစေချင်တယ်"
"ဒီမှာယူတော့ကော ဘာဖြစ်လို့လဲ ဖေဖေ"
"ဘာတွေကွာခြားလဲဆိုတာ ဖေဖေပြောမှ သားကသိမယ့်သူလား"
"ကျစ် ဖေဖေရာ..."
'တေဇ' မချိတင်ကဲ ရေရွတ်မိသည်။
"ကျွန်တော် ဘေဘီနဲ့မခွဲနိုင်ဘူး"
"တစ်နှစ်ပဲသား...၊ သား သမီးငယ်ကိုချစ်တာ ဖေဖေတို့သိသလို ခွဲမှာမဟုတ်ဘူးဆိုတာကိုလည်း သားသိတယ်"
"..."
"သားက အမြင့်မှာရောက်နေလေ သမီးငယ်က ပိုဂုဏ်ယူရလေပဲလေ သားရဲ့"
တစ်ချိန်လုံးအသံတိတ်နေသည့် မေမေကပါဝင်ပြောလာသည့်မို့ 'တေဇ'ပင့်သက်သာ တိုးဖွဖွရှိုက်မိသည်။
'ကွန်းခိုရာ'က မနှစ်ကဘွဲ့ရပြီးတည်းက ခရီးသွားကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ကာ တိုးရစ်ဂိုက်လုပ်နေတာဖြစ်သည်။ နီးနီးဝေးဝေး ညအိပ်ညနေခရီးတွေထွက်ရတာမို့ ပင်ပန်းမှာကော စိတ်မချတာကောကြောင့်ပါကန့်ကွက်ချင်ပေမယ့်လည်း ငယ်ငယ်က အင်ဂျင်နီယာမဖြစ်နိုင်လျှင်တိုးရစ်ဂိုက်ဖြစ်ချင်ပါသည်ဟု ပြောခဲ့ဖူးသည့် စကားကို ပြန်ကြားမိတာမို့ လွှတ်ထားပေးတာဖြစ်သည်။
"ကုမ္ပဏီကိုကော ဘယ်လိုလုပ်မလဲ"
ကိုကိုက 'စိုပြေ'နဲ့ မနှစ်ကပဲလက်ထပ်သွားကာ 'Tayza group'မှ ခွဲထွက်ကာသူ့ကိုယ်ပိုင်ကုမ္ပဏီခွဲအသစ်ဖွင့်သည်။ လွန်ခဲ့တဲ့သုံးနှစ်လောက်တည်းက ကိုယ်ပိုင်စတော့တွေကစားတတ်တဲ့ 'တေဇ'က ကျောင်းတစ်ဖက်နှင့် ဖေဖေ့ကို ကူနေရတာပင်။
"ဖေဖေမအိုသေးပါဘူးကွာ၊ ဒါပေမယ့်ဖေဖေလည်းနားချင်ပြီ၊ ဒီတစ်နှစ်ပြီးလို့ သား ဒီပလိုမာယူခဲ့ပြီးရင်တော့ ကုမ္ပဏီကိုလွှဲယူတော့"
"ဘေဘီနဲ့ လက်ထပ်သွားချင်တယ်"
ဦးတေဇနှင့် ဒေါ်မြနန္ဒာ မအံ့ဩမိပါ၊ ဒီကလေးထံမှ ဒီစကားကိုမျှော်လင့်ထားပြီးသားပင်၊ မပြောလာလျှင်မှ ထူးဆန်းနေလိမ့်ဦးမည်။
ဒီသုံးနှစ်လုံးလည်းသားငယ်ကတောက်လျှောက်လုပ်ခဲ့တာကလက်ထပ်ဖို့ပင်။ သမီးငယ်ဘက်ကသာ ငယ်သေး၍၊ သားဘဝတက်လမ်းမှာ အနှောင့်အယှက်ဖြစ်မှာစိုးရိမ်မိ၍နှင့် အချိန်ဆွဲထားတာ ဖြစ်သည်။ သားကစိတ်မြန်လက်မြန်ရှိတတ်သူပီပီ ဒီအကြောင်းအရာနဲ့ပတ်သက်တိုင်း သူတို့ရန်ဖြစ်တတ်ကြတာကို အားလုံးသိကြသည်။ သမီးငယ်ဘက်က ကြည့်ပြန်လျှင်လည်း သားကိုအနှောင်အဖွဲ့တွေကြား မချုပ်ချယ်ထားချင်သည် တဲ့။
VOCÊ ESTÁ LENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး