"...'စိုပြေ'.. ငါနောက်နေ့ကျ guideချိန်ကို ပုံမှန်ထက် စောလာတော့မှာ ၅နာရီလောက်၊ 'လွှမ်း'က ငါ့ကို ဂစ်တာတီး သင်ပေးမယ်တဲ့ နင်ကော သင်မလား?"
'အန်တီမြနန္ဒာ' ချက်ပေးတဲ့ ဟော့ပေါ့ ပူပူကိုမှုတ်သောက်ရင်းက 'ကွန်းခို' အားတက်သရော ပြောလိုက်မိသည်။
'အန်တီမြနန္ဒာ'ကတော့ ဈေးဝယ်လာလို့ ဈေးထွက်ရောင်းနေသည်။
"...'လွှမ်း'?"
'ကွန်းခို' ပြောသမျှတွင် 'လွှမ်း' ဆိုသည်သာ 'စိုပြေ' ကြားမိသည်၊ 'တေဇ'တို့ကတော့ မလွယ်ကြောပင်၊ ခဏလေးပဲရှောင်ပေးလိုက်တာ အခြေအနေတွေတိုးတက်လာပုံများ 'လွှမ်း' လို့လည်းခေါ်သည်၊ ဂစ်တာတီးလည်းသင်မည်တဲ့။
"အင်းလေ 'ဦးတေဇ'ရဲ့သား 'မင်းတေဇ'နဲ့ 'လွှမ်းတေဇ' ပါဆို 'တေဇ'လို့ခေါ်မိရင် အကုန်လှည့်ကြည့်လာလိမ့်မယ်"
'ကွန်းခို' က တကယ်ကို လေးလေးနက်နက် တွေးတွေးဆဆကြီးပြောနေတာမို့ 'စိုပြေ' ပင်အံ့ဩရသည်၊ 'တေဇ' ကတော့ ရယ်နေတာပင်၊ 'လွှမ်း' လို့ခေါ်ခံရတာကို တော်တော်သဘောကျနေပုံ၊
"အေးပါ အေးပါ"
"နင်ကော 'လွှမ်း' ရဲ့အကိုကို ဘယ်လိုခေါ်လဲ?"
"ကိုကို"
'တေဇ'မှ ဖြတ်ပြောလိုက်ခြင်း၊
"ဒါဆိုငါလည်း နင့်အကိုကို 'ကိုကို' လို့ခေါ်ရမလား? ဒါဆို နင့်ကို 'တေဇ' လို့ ခေါ်လို့ရပြီလေ"
"မခေါ်ရပါဘူး!"
'ကွန်းခို'ကသာ ဘာသိဘာသာ သဘောဖြင့်ပြောလိုက်သော်လည်း 'တေဇ' အသံမှာ တော်တော်ကျယ်သွားတာမို့ 'စိုပြေ' က 'တေဇ' လက်အား ဖြတ်ကနဲရိုက်ကာ သတိပေးလိုက်ရင်းက
"ငါလည်း မခေါ်ခံနိုင်ပါဘူးနော်"
...
"ကွန်းခိုရာ.."
ခေါ်သံကြားတော့ 'ကွန်းခို' လှည့်ကြည့်မိတော့ 'လွှမ်း'...
သူ့လက်ထဲ ကိုင်လာခဲ့သော မေမြို့ပန်းစည်းကို 'ကွန်းခို' လက်ထဲသို့ လွှဲပေးလာသည့် 'လွှမ်း'
"ဘုရားပန်းအတွက်လား?"
ဆရာမမှ အသင်းတာဝန်များ ခွဲပေးစဥ်က 'လွှမ်း'နှင့် 'ကွန်းခို'က 'အနော်ရထာ'အသင်း၌ အတူကျကာ 'စိုပြေ' ကတော့ 'ဗန္ဓုလ' သင်းသို့ရောက်သွားလေသည်။ သုံးယောက်ရှိတာကို သူပဲ ခွဲထွက်သွားရမလားဆိုပြီး 'စိုပြေ' က မကျေမနပ်ဖြစ်လို့မဆုံး၊
BẠN ĐANG ĐỌC
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Lãng mạnမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
