00:04(uni ver)

21.3K 679 9
                                        

"အဟမ်း 'ကွန်းခိုရာ'.."

"ဟင်?"

သူခေါ်တော့ လှည့်ကြည့်လာသည့်ကလေးမက ဖြူစင်လွန်းလှသည်၊

"Guide အတူမသင်ဘူးလား?"

"အယ်"

"အယ်"

'စိုပြေ' ကော 'ကွန်းခို' ဆီကပါ ပြိုင်တူအသံထွက်လာပြန်သည်။

"အချိန်က အဆင်မပြေ.."

"ရတယ် အဲ့တာက"

'ကွန်းခို'စကားမဆုံးသေးခင် ဖြတ်ပြောလိုက်သည့် 'လွှမ်းတေဇ'၊

"အဲ့တာက ပြန်လိုက်ပို့တာမခက်ဘူးလို့ နင်စက်ဘီးနဲ့ဆိုငါလိုက်ပို့ပေးမယ် ည9နာရီကသိပ်လည်းနောက်မကျသေးပါဘူး"

"အယ် အဲ့လိုတော့ဘယ်ဖြစ်မလဲ အားနာစရာ၊ ပြီးတော့ငါက..."

"နင်က ဘာတွေအထွန့်တက်ချင်နေတာလဲ? 'တေဇ' ပြောတာအဆင်ပြေသားပဲဟာ အဲ့လိုပဲလုပ်"

"အယ်?"

'စိုပြေ့'ရဲ့ အမိန့်ဆန်ဆန်စကား‌သံကြောင့် ပြောစရာများပျောက်သွားရတော့သည်၊

"မဟုတ်ပါဘူး အဲ့လို၊ ငါကအားနာလို့ပါ ဟို ဒီက 'လွှမ်းတေဇ'က နေ့တိုင်းလိုက်ပို့ပေးလို့ဘယ်အဆင်ပြေပါ့မလဲနော်? အဲ့ဒါကြောင့်ပါ"

"သူကတောင်ရတယ်ပြောနေတာကို နင်နော် ငါနဲ့အတူ guideမသင်ချင်လို့မလား?"

"မဟုတ်ပါဘူး သင်ချင်ပါတယ်ဟာနော် ဒါပေမယ့် ငါ့ကို ကိုးနာရီအတိပြန်ပို့တယ်ထားဦး အသွားအပြန် နာရီဝက်ကတော့ကြာမှာပဲ ကိုးနာရီခွဲမှတစ်ယောက်တည်းပြန်ရမှာစိုးလို့ပါ"

"နင်က စိတ်မချဖြစ်နေတာလား?"

"အယ် 'စိုပြေ'ရယ် ဘယ်လိုကြီး.."

'ကွန်းခို' ဆံပင်ဂုတ်ထောက်အောက်က နားရွက်ဖျားဖြူဖြူလေးတွေ ပူကာရဲသွားရသည်အထိ နေရခက်သွားရတော့သည်။
'လွှမ်းတေဇ'ကတော့ ဘာမှမထူးဆန်းသလိုပင် နှုတ်ဆိတ်နေခဲ့သည်။

"ငါအဆင်ပြေတယ် ကိုးနာရီခွဲလောက်က ဘာမှမဖြစ်ဘူး၊ ကျောင်းပိတ်ရက်တွေတုန်းကဆို ဆယ်နာရီလောက်မှအိမ်ပြန်နေကျ"

"ဟင်? အင်း အဲ့တာဆိုလည်း"
.....
ကျောင်းတက်ခေါင်းလောင်းထိုးသံနောက်မှာ ကျောင်းသား/သူ အားလုံး Assemblyစီရန်သွားကြရသည်၊ နှစ်ယောက်တစ်တွဲမို့ 'ကွန်းခို'နှင့် 'စိုပြေ'က အတူသွားကြသည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Место, где живут истории. Откройте их для себя