တိုက်ခန်းတံခါးကို pwရိုက်ထည့်ပြီးဖွင့်ဝင်လိုက်တယ်ဆိုလျှင်ပဲ နင့်ကနဲ 'တေဇ'ရင်ခွင်ဆီရောက်လာသည့် ခန္ဓာကိုယ် သေးသေးလေး၊
'တေဇ'ဝတ်ထားသည့် ရှပ်၏ခါးနားစကနေလက်အသေးလေးတွေဖြင့် ဆုပ်ကိုင်ထားသည်မှာ လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းကျပ်ကျပ်၊
'အင့်'
"ဘေဘီ"
ရင်ခွင်ထဲကထွက်လာသည့် ရှိုက်သံသဲ့သဲ့ကြောင့် ကိုယ်လုံးလေးကိုဆွဲထုတ်ကာကြည့်ချင်ပေမယ့် ခွင့်မပြုပဲ အတင်းကပ်တွယ်ထားပြန်သည်။
"ဘာလို့ ငိုနေတာလဲကွာ"
"ငါက.. ဟင့် နင် ပစ်ထားခဲ့ပြီ ထင်.. အင့် လို့"
ပြတ်တောင်းပြတ်တောင်းထွက်လာသည့်စကားသံတို့နောက် 'တေဇ' ကိုယ့်ကိုယ်ကိုယ်သာအပစ်တင်မိသည်။
အခုထိ အခန်းဝမှာမို့ ကလေးတွေချီသလို တင်ပါးအောက်ကနေပင့်ချီလိုက်ပြီး ဧည့်ခန်းထဲကဆိုဖာဆီ အရင်သွားမိသည်။
ပေါင်ပေါ် ခွရက်ကလေးထိုင်နေသည့် 'ကွန်းခိုရာ'က 'တေဇ' လည်ပင်းကိုလည်း လက်နှစ်ဖက်ဖြင့် တင်းနေအောင်ဖက်ထားသေးသည်။ တရှုံ့ရှုံ့ ရှိုက်ငိုဖို့ရာလည်း မမေ့။
'တေဇ' ရင်ခွင်ထဲကကောင်မလေးကို အတင်းဆွဲထုတ်ပြီးမျက်နှာချင်းဆိုင်စေလိုက်သည်။ တသွင်သွင်စီးကျနေသည့်မျက်ရည်များကို လက်နှစ်ဖက်ဖြင့် ဖိသုတ်ပေးရင်းက
"ကိုယ့်ကလေးလေးကွာ ဘာလို့အဲ့လောက်ငိုနေတာလဲ...၊ မျက်လုံးတွေနာကုန်လိမ့်မယ်"
"တိတ်တော့နော် လိမ္မာတယ်"
'အင့်'
"ကိုယ်ကတောင်းပန်ပါတယ်ကွာ၊ ကိုယ့်ဘက်ကပဲ ဖြစ်ချင်တာကို ကြည့်မိသွားတယ် တောင်းပန်ပါတယ်နော်"
"နော် ကိုယ့်အသည်းလေး တိတ်တော့နော် မငိုနဲ့တော့"
'အဟင့် ဟင့်...'
"ဟောဗျာ"
ချော့တဲ့ကလေး အငိုသန် ဆိုသလို ချော့ပြောကာမှ ပိုငိုလာသည်မို့ 'တေဇ'သဘောတကျပြုံးမိသည်။
'ကွန်းခိုရာ'ရဲ့ ဆံပင်တွေကို သာသာဖွနေရင်းက နားသယ်စပ်လေးကို ငုံ့နမ်းတော့လည်း မျက်လုံးလေး ကလယ်ကလယ်နှင့် အသာတကြည် ငြိမ်ခံရှာသည်။
ESTÁS LEYENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
