"Congratulations Hlwan"
"Thank"
'လွှမ်း'ဆီကို ဂုဏ်ပြုပန်းစည်းတွေလာလာပေးနေကြသည့် အဖြူမလေးတွေဟာ ဘေးက 'ကွန်းခို'ကို ငဲ့ကြည့်ဖို့လည်း မမေ့။
ဒီနေ့က 'လွှမ်း'ရဲ့ graduated dayဖြစ်သည်။
အဖြူမလေးတွေမို့ ခေါ်ရခက်သည့် 'တေဇ' အစား 'လွှမ်း'ကိုသာ တွင်တွင်သုံးသည်မို့ စိတ်ညစ်နေဟန်လည်းရှိသည်။
ပန်းစည်းက ၅စည်းလောက်ဖြစ်လာသည့်အခါ 'လွှမ်း'လက်ထဲ ပြည့်နေသည်မို့ 'ကွန်းခို'က တစ်ဝက်ယူသယ်ပေးတော့ မကြည်ကြည့်ဖြင့် ကြည့်သည်။
'ကွန်းခို'သိသည်။ 'လွှမ်း'က သဝန်တိုစေချင်နေတာ။
26နှစ်ရှိပြီဖြစ်သည့် 'လွှမ်း'က အရာရာမှာ ရင့်ကျက်တတ်ပေမယ့် 'ကွန်းခို'နဲ့ပတ်သက်ရင် ကလေးဆန်တုန်း။
၁၅/၁၆အရွယ် အထက်တန်းကျောင်းသားပေါက်စလေးတွေနှင့်ပါ သဝန်တိုတန်သူက 'လွှမ်း'ပင်ဖြစ်သည်။
'ကွန်းခို' တိုးရစ်ဂိုက်လုပ်နေသည့်ကုမ္ပဏီမှ ထွက်လိုက်ပြီး private schoolမှာ အင်္ဂလိပ်ဆရာမ လုပ်နေတာဖြစ်သည်။
အမြဲ ခရီးတွေထွက်ပြီး ဟိုသွားဒီသွားလုပ်နေရတာထက် ဒါကပိုခြေငြိမ်သည်ဖြစ်တာမို့ပင်။
လုပ်ချင်တာတွေလည်း လုပ်သင့်သလောက်လုပ်ခဲ့ပြီးပြီမို့ ဖြစ်သင့်တာကို စဉ်းစားရသည်လေ။"Congratulations ညီ"
"ကျေးဇူး ကိုကို"
'အန်ကယ်တေဇ' ၊ 'အန်တီမြနန္ဒာ' ၊ 'ကိုတေဇ' နဲ့ 'စိုပြေ' အထိပါရောက်နေတာ ဖြစ်သည်။
"Congratulations ခွေးကောင်"
"ကျေးဇူး ခွေးမ"
'လွှမ်း'နှင့် 'စိုပြေ'ကတော့ မတည့်အတူနေ နှစ်ယောက်ပင်ဖြစ်သည်။
...
လန်ဒန်မြို့လည်ရှိ ဟော်တယ်တစ်ခုမှာ ဂုဏ်ပြုညစာစားကြသည်။
'လွှမ်း'က suit ကိုအပြည့်ဝတ်ထားတာမို့ 'ကွန်းခို' ရယ်မိသေးသည်။
သူလည်း တော်တော်စိတ်လှုပ်ရှားပြီး ပျော်နေပုံပင်။'ကွန်းခို'ကတော့ ဒူးထိရှည်သည့်ကိုယ်ကျပ်ဂါဝန် ကြက်သွေးရောင်လေး ဝတ်ထားသည်မို့ ကောက်ကြောင်းလှလှတွေက ညမီးရောင်အောက် ပေါ်လွင်လှပနေလေသည်။
စာသင်နှစ် ခြောက်နှစ်ချင်း တူတူကို 'လွှမ်း'က 'စိုပြေ့'ထက်အရင်ဘွဲ့ရတာမို့ 'စိုပြေ့'ဆီက မကျေမနပ်စကားသံများလည်း ကြားရသေးသည်။
ČTEŠ
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး