"...'ကွန်းခို' ဘာဖြစ်လို့လဲ? ချွေးစေးတွေလည်းထွက်နေပါလား"
စာသင်ချိန် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော 'ကွန်းခို' ကို စိတ်ဆိုး စိတ်ကောက်နေ၍ တိတ်ဆိတ်နေသည်ပဲ ထင်ခဲ့မိကာ သေချာမကြည့်မိသော ကိုယ့်ကို ကိုယ်သာ အပြစ်တင်မိတော့သည်၊ ဆရာမ ထွက်သွားချိန်လေးအတွင်း လှည့်ကြည့်မိလိုက်၍သာ၊
ဗိုက်ကို သာသာဖိနှိပ်ကာ မျက်လုံးတွေမှိတ်ထားသော 'ကွန်းခို'ကို ကြည့်ရင်း 'စိုပြေ' မှာစိတ်ပူလွန်းရပြီ။"ဗိုက်နာလို့လားဟင်? နင်နေ့လည်က ဘာမှ မစားဘူးမလား? နေဦး စားစရာတစ်ခုခု.."
'စိုပြေ' လွယ်အိတ်ထဲ မွေနှောက်ရှာဖွေနေတုန်း 'တေဇ'က အသင့်စား ပါမုန့်တစ်ခုကိုဖောက်ကာ 'ကွန်းခို့' နှုတ်ခမ်းနားဆီထိ တိုးပေးလာသည်။
"ဟင့်အင်း မစားဘူး "
'ကွန်းခို'က ခေါင်းမာစွာဖြင့် 'တေဇ'ဆီမှ အကြည့်လွှဲကာ ဘာမှ မရှိမှန်းသိနေပါလျက်နှင့် သူမလွယ်အိတ်ထဲမှာသာ စားစရာတစ်ခုခုကို ရှာဖွေနေမိပါတော့သည်။
'စိုပြေ'က 'တေဇ' လက်ထဲမှ ပါမုန့်ကို ဆွဲယူလိုက်ကာ 'ကွန်းခို'လက်ထဲသို့ အတင်းထည့်ပေးမိသည်။
"စားလိုက်ဟာ ခေါင်းမာ မနေနဲ့ နော်"
"ဟင့်အင်း"
'ကွန်းခို' ကတော့ ခေါင်းကိုသာ တွင်တွင်ခါဆဲ
"စားလိုက်ပါ 'ကွန်းခို'လေးရယ် နော် စားပြီးရင် ဆေးသောက်မယ်လေ မဟုတ်ရင် အစာအိမ်က ပိုနာလာလိမ့်မယ် နော် လို့"
'ကွန်းခို' က တခါတလေ ခေါင်းမာတတ်သည်မှာ အမှန်ပင်၊
အစာအိမ်က ဒီလောက်နာနေပါရက်နဲ့တောင် သူပေးတဲ့ မုန့်မို့မစားဘူး ဆိုကတည်းက သူ့ကို ဘယ်လောက်ထိအောင် စိတ်ဆိုးနေလဲဆိုတာ မပြောလည်းပဲ သိနိုင်ပါသည်၊ ဒီပါမုန့်ကလည်း 'ကွန်းခိုရာ'အကြောင်းသိလို့ သူဝယ်လာခဲ့တာပင်၊ သူ့ကိုစိတ်ဆိုးတာနှင့်ပဲ ကိုယ့်ကိုယ်ကို ညင်းပနျးနေတာကတော့ တကယ်ကို ကလေးဆန်လှသည်၊
"စားလိုက်ပါကွာ ငါ့ကိုစိတ်ဆိုးနေတာလား ဟင်? တောင်းပန်ပါတယ်ကွာ ငါမအော်လိုက်သင့်ဘူး ငါမှားပါတယ် နော် "
![](https://img.wattpad.com/cover/301025880-288-k736930.jpg)
VOCÊ ESTÁ LENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး