"...'ကွန်းခိုရာ' ငါ့ကို စိတ်ဆိုးနေတုန်းပဲလား"
"ဟင်? ဟင့်အင်း"
ဒီနေ့တော့ guideဆရာမက မအားလို့မလာဖြစ်၍ သုံးယောက်စုပြီးသာ စာအတူလုပ်ကြရသည်။ 'စိုပြေ'က toiletဆိုကာ ထထွက်သွားတုန်း တစ်ချိန်လုံး ငြိမ်နေခဲ့သော 'လွှမ်း'က စကားစလာခြင်း၊
"ငါ 'စိုပြေ့'ကို မကြိုက်ဘူး"
"..."
"တကယ်တော့ မနေ့ကစာတွေထဲမှာ နင့်အတွက်ရေးထားတဲ့ စာကော ပါလာတယ်၊ ငါ့ကို'စိုပြေ'လာပြတဲ့တစ်ခု"
'ကွန်းခို' ဘာမှမသိ၊ သိလည်းမသိချင်၊ ဒါတွေကို ဘာကြောင့် အခုမှလာရှင်းပြနေရသလဲလည်း 'ကွန်းခို' နားမလည်နိုင်ပါ၊
"ဟုတ်တယ် မနေ့က ငါအမှားလုပ်လိုက်မိတယ်၊ နင်ကဘာမှ မသိပါပဲနဲ့ ငါ့ဘာသာ တစ်ဖက်သတ်တွေးပြီး နင့်ဘက်ကိုမကြည့်ပေးခဲ့မိဘူး"
"တောင်းပန်ပါတယ်၊ နောက်မဖြစ်စေရဘူးကွာ promise"
"ငါတကယ်စိတ်မဆိုးတော့ပါဘူးဆို တကယ်ပြောတာ"
"မုန်းနေလား ငါ့ကို"
"အယ်? ဘာလို့မုန်းရမှာလဲ?"
"ချစ်လား? ဒါဆို?"
'စိုပြေ့'ရဲ့ တိုက်တွန်းမှုတွေကြောင့်ကော 'တေဇ' ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပါ ဒီတစ်ခါတော့ 'တေဇ' ရဲရဲကြီး ဖွင့်ပြောလိုက်တော့မည်ပင်၊ ဒီကောင်မလေးက သူ့အပိုင်ဖြစ်နေမှသာ သူစိတ်အေးနိုင်မည်မဟုတ်ပါလား။
"ဟင်?"
"မေးတာပဲဖြေ"
ပြောရင်းဖြင့်ပင် 'လွှမ်း' ကရှေ့တိုးလာပြီး စားပွဲပေါ်တင်ထားတဲ့ 'ကွန်းခို့'လက်ကို ဆုပ်ကိုင်လိုက်တာမို့ 'ကွန်းခို'မှာ အယောင်ယောင်အမှားမှားဖြင့် ထအော်မိမတတ်လန့်ဖြတ်သွားရသည်။
"နင်အခု ဘာတွေလာပြောနေတာလဲ?"
"နင့်ကို ချစ်ရေးဆိုနေတာလေ၊ ပြန်ချစ်မယ်မလား?"
"...'လွှမ်း'..."
ရုတ်တရက် 'လွှမ်း' မျက်နှာက 'ကွန်းခို' မျက်နှာဆီသို့ နီးနီးကပ်ကပ် တိုးကပ်လာတာမို့ 'ကွန်းခို့' စကားသံတို့ မပြီးဆုံးသေးတင် ရပ်တန့်သွားရသည်။
YOU ARE READING
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
