00:26(uni ver)

23.4K 588 4
                                        

"Sandwich နဲ့ Cola ကြိုက်တယ်မလား?"

"အင်း အရမ်းပဲ"

'လွှမ်း' သူယူလာသည့် အထုပ်များကိုဆိုင်ထဲရှိစားပွဲပုလေးပေါ်တင်ရင်းပြောလာသည်။

"ပုံမှန်လည်း ဒီလိုတစ်ယောက်တည်းလား?"

"ဟင့်အင်း ၊ အားရီက အလှူဆိုလား သွားနေလို့"

"အင်း တစ်ယောက်တည်းဖြစ်နေမှာ ကိုယ်ကစိုးရိမ်လို့"

'ကွန်းခို'ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ကာပြောလာသည်မို့ 'ကွန်းခို'ကြည်ကြည်နူးနူးပြုံးမိသည်။

'ကွန်းခို'ကို အခုလိုဂရုစိုက်ပေးမည့်သူသည် မရှိတာတော့မဟုတ်ပေမယ့် ရှားလှသည်မို့ကော၊ ဂရုစိုက်ပေးနေသည့်သူက 'လွှမ်း'ဖြစ်နေတာကောကြောင့်ပါ အပျော်တွေက ပိုလို့တိုးရသည်။

"ပြောတော့ အင်ဂျင်နီယာဖြစ်ချင်တာဆို? ဘာလို့ E-majorကျောင်းသူဖြစ်သွားတာလဲ?"

"ငါ.. ဆယ်တန်းတုန်းက အမှတ်မကောင်းဘူးလေ... ဟီး"

ပျက်သွားတဲ့မျက်နှာကိုထိန်းရင်း 'ကွန်းခို'က ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ပေမယ့် 'လွှမ်း'ရဲ့ မျက်နှာက တည်သွားရာကနေ ပြေလျော့မ‌လာတော့။

"ဒီအတောအတွင်းအများကြီးပင်ပန်းခဲ့ပြီ.."

"..."

"ပင်ပန်းခဲ့တာတွေရဲ့ နှစ်ဆ သုံးဆထပ်ပျော်ရွှင်ဖို့အတွက်က ဒီကိုကိုရဲ့တာဝန်ထား"

'လွှမ်း'က တမင်ပင်ရင်ကိုကော့လျက် မော်ကြွားဟန်ပြကာပြောလာသည်။

"အဟက် ကိုကိုတဲ့"

'ကွန်းခိုရာ'က သဘောတကျ တခစ်ခစ်ရယ်တော့ 'တေဇ'က တစိမ့်စိမ့်ကြည့်သည်။
စိတ်မထိန်းနိုင်စွာနဲ့ မဖောင်းလှတဲ့ပါးလေးနှစ်ဖက်ကို အတင်းဖျစ်ညစ်ပြီး နှုတ်ခမ်းစူစူလေးကို ဆွဲစုပ်တော့ ကိုလာအရသာ ပြင်းရှရှကို ရသည်။

အလှူက ပြန်လာပြီဖြစ်တဲ့ အားရီကတော့ ဆိုင်ပေါက်ဝကနေ အထဲမဝင်ပဲလှမ်းကြည့်နေဖြစ်သည်။

တကယ်ပါပဲ ဘာတွေကများဒီလောက်ထိချိုမြိန်စေပါလိမ့်.....။

...

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Where stories live. Discover now