00:32(uni ver)

23.3K 569 7
                                        

ရှေ့က ဖက်ငိုနေကြသည့် နှစ်ယောက်ကိုကြည့်ပြီး 'တေဇ'မှာ ရယ်လည်း ရယ်ချင်သည်၊ ဂရုဏာလည်းသက်မိသည်။

"မငိုနဲ့တော့ 'ကွန်းခိုရာ' ၊ မင်းဆက်တိုက်ငိုနေတာကို မျက်ရည်တွေက မကုန်နိုင်သေးဘူးလား"

"ဟင့် အင့် ငါ့မျက်ရည်နဲ့ငါပဲ၊ ငါ ငိုချင်ငိုမယ်"

ကြောင်ချေးရုပ်ပေါက်နေတဲ့မျက်နှာ လှလှလေးနဲ့ ပြန်ရန်စွာလေသူ၊ သူ့မှာ ချစ်မဝပါပဲ။

"...'စိုပြေ' နင်လည်းတော်တော့"

အမှန်အတိုင်းပြောရပါလျှင် သူ 'ဦးမင်းဗညား'ကို အတော်ပင်စိတ်တိုမိသည်။ မထင်ထားတဲ့သူမို့ ပိုစိတ်နာသည်ထင်။
သို့ပေမယ့် ဒါတွေအားလုံးသည် တဖွဖွ တောင်းပန်နေသည့် 'စိုပြေ့' အပြစ်တွေမှ ဟုတ်မနေခဲ့ပဲ။

*မိဘမကောင်း သားသမီးခေါင်းဆိုတာ ဒါနေမှာ*

'တေဇ' စိတ်ထဲက ကြိတ်တွေးမိပေမယ့် အပြင်ကိုတော့ ထုတ်မပြောဖြစ်ခဲ့။ သူ့အဖေကိုမမုန်းဖို့ တတွတ်တွတ်ပြောနေသည့် 'စိုပြေ'သာ ကြားလျှင် 'စိုပြေ'မ က ငိုနေရင်း ထရိုက်လိမ့်မည်။

.....
"ငါ အိမ်ခဏပြန်မလို့၊ငါပြန်မရောက်ခင်ထိ 'ကွန်းခိုရာ'ကိုသေချာ စောင့်ရှောက်ထားပေး"

အရှင်းမပျောက်သေးသည့် အဖျားကြောင့်ကော ငိုလိုက်တာပါပေါင်းပြီး '‌ကွန်းခိုရာ'က ပြန်အိပ်ပျော်သွားပြီဖြစ်သည်။
'စိုပြေ့'ကို အခန်းအပြင်ခေါ်ထုတ်လာပြီး မှာစရာရှိတာမှာကာ ကားပါကင်သို့ထွက်လာခဲ့တော့သည်။
.....
"မေမေ ကျွန်တော်ပြောစရာရှိလို့၊ ဖေဖေကော"

ဧည့်ခန်းထဲထိုင်ကာ TVမှတစ်ဆင့် သတင်းကြည့်နေကြသည့် လူကြီးနှစ်ယောက်က လှုပ်လှုပ်ရွရွဖြစ်သွားရသည်။ အထူးတဆန်း ပြောစရာရှိသည်ဟု ဆိုလာသည့် 'လွှမ်းတေဇ'၏ လေးလေးနက်နက်လေသံကြောင့်။

'တေဇ' ဆယ်တန်းရောက်တော့ မေမေကော သူပါ မန်းလေးသို့ အပြီးပြောင်းလာကြတာဖြစ်သည်။

'ဦးတေဇ'က ရီမုဒ်နဲ့ TVကို ပိတ်ပစ်လိုက်ပြီး 'လွှမ်းတေဇ'ဘက်ကို ကိုယ်ကိုငှဲ့ကာ အသိအမှတ်ပြုဟန်ပြသည်။ 'ဒေါ်မြနန္ဒာ'ကလည်း လက်ထဲမှစားလက်စ အသီးစိတ်‌ကို ချကာ စိတ်ဝင်စားပုံ ပြုမူသည်။ ကိုကိုကတော့ ဒီအချိန်ဆို Company မှာရှိနေလိမ့်မည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Donde viven las historias. Descúbrelo ahora