'"တို့ရေဆာစဉ် ရေချိုတွေ ယူလာပေး..သူ...၊ အဆင်ပြေချိန် ရှန်ပိန်လေးတစ်ခွက်ထက်ကို တန်ဖိုးထားပါတယ်..၊ဖယောင်းတိုင်ငယ်ကို မှောင်ချိန်မှာ ယူလာပေး...သူ.. ရောင်စုံည အလင်းတွေထက် ပိုမြတ်နိုးမိပါတယ်....ပိုနေချိန်ကျ မင်းဘေးဖယ်၊ ကိုယ်လိုရင် အစဉ်အမြဲရှိခဲ့ မင်းရဲ့ပေးဆပ်နိုင်စွမ်းကတော့ ဘယ်သူနဲ့မှ မတူတယ်...ကိုယ့်အတွက် မင်းလေးဟာ အနှိုင်းမဲ့ အစားထိုးဖို့ ထပ်တူမရှိခဲ့ မင်းနဲ့လဲဖို့ရာ မရှိခဲ့ တစ်ယောက်တည်းချစ်နေမယ်... ကိုယ့်အတွက်မင်းအချစ်ဟာ အနှိုင်းမဲ့ လောကထဲထပ်တူမရှိခဲ့ မင်းနဲ့လဲဖို့ရာ မရှိခဲ့ တစ်ယောက်တည်းချစ်နေမယ်'"
(Song Name //အနှိုင်းမဲ့ by ဇော်ဝင်းထွဋ် //)
နှစ်ပါတ်လောက် Chordsတွေကျက် လက်ခတ်ကျင့်ပြီးနောက် 'ကွန်းခို'ကို ပထမဆုံး သင်ပေးတဲ့ သီချင်းပင်၊ 'လွှမ်း' ရဲ့အသံက ရှတတနှင့်မို့ 'ဇော်ဝင်းထွဋ်'လိုမျိုး မဟုတ်ပေမယ့် တစ်မျိုးနားထောင်၍ကောင်းသည်၊ 'ကွန်းခို' ကသာ ဂစ်တာကျတီးချင်ပြီး သီချင်းကိုဖြင့် ဖြစ်ဖြစ်မြောက်မြောက် မဆိုတတ်၍ 'စိုပြေ' က ရယ်လေ့ရှိသည်။ 'ကွန်းခို' က နှုတ်ခမ်းဆူကာ ပြန်ရန်တွေ့လျှင်တော့ 'လွှမ်း' ကပါ လိုက်ရယ်တတ်ကာ နှစ်ယောက်ပေါင်းပြီး 'ကွန်းခို' ကို မခံချင်အောင် စနောက်တတ်ကြသည်။
"တဖြည်းဖြည်းနဲ့တော့ နားထောင်လို့ရလာပါပြီ၊ အရင်ကတော့ စာကျက်နေသလိုပဲ"
'လွှမ်း'က ဂစ်တာကိုအတူလိုက်တီးကာ သီချင်းကိုလည်း အတူဆိုပေး၍သာ တော်ပါတော့သည်။ မဟုတ်လျှင်တော့ တကယ်မလွယ်။
"..."
"ငါပြောသလို ရေချိုးခန်းထဲမှာ ဆိုကျင့်ထားတာလား?"
"...'စိုပြေ'မ နင်နော်"
"မပြောပါနဲ့ကွာ.. ကလေးပေါက်စငိုသွားဦးမယ်"
"ဟာ နင်တို့နော်"
'ကွန်းခို' က စိတ်ဆိုးစ ပြုလာပြီဆိုလျှင် နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တခွိခွိနှင့် ရယ်ကြပြန်သည်။
..."လုပ်ပါဟာ နင်နဲ့ရင်းနှီးတာပဲကို၊ ဒါလေးပေး ပေးရမှာ ဘာခက်ခဲလို့လဲ?"
![](https://img.wattpad.com/cover/301025880-288-k736930.jpg)
VOCÊ ESTÁ LENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး