'တေဇ' ကြားနေရတာတွေကအမှန်မဟုတ်သလို..၊ အရာအားလုံးက ခဏတာအတွင်း ဒီလိုပဲမြန်မြန်ပြောင်းလဲတတ်သလား သူမသိတော့၊
သူတို့မိသားစုလေးယောက်ခရီးမှာ 'စိုပြေ'ပါ လိုက်ပါလာခဲ့သည်၊ ပြီးတော့ကော??
'တေဇ' သူလွန်သွားတာ သူသိတာမို့ 'ကွန်းခိုရာ'ကို ချော့ဖို့ရာ အရင်က လိုချင်သည်ဟုပြောခဲ့ဖူးသော ခရုခွံဆွဲကြိုးလေးတွေ သူအများကြီးဝယ်လာခဲ့သည်လေ။
ပြန်ရောက်ရောက်ချင်းမှာပဲ အန်ကယ်'ဗညား'(စိုပြေ့ဖေဖေ)ရဲ့ စကားတို့နောက်မှာတော့ 'တေဇ'စိတ်တို့ဟာလာဟင်းလင်း၊ သူအခုဘာလုပ်ရမလဲဆိုတာကို သူကိုယ်တိုင်ပင်မသိတော့၊
'ကွန်းခိုရာ'ရဲ့ဖုန်းကို အကြိမ်တိုင်းခေါ်နေပေမယ့် 'စက်ပိတ်ထားသည်' ဆိုသည့်အဖြေကိုသာ သူရနေဆဲ၊ social mediaတိုင်းရှိ accountတို့မှန်သမျှ အကုန် deleteသွားတဲ့ 'ကွန်းခိုရာ'က တကယ်ကို သူတို့ကို အဆက်ဖြတ်တော့မည့်ပုံ၊
သူရင်တွေပူလှသည်၊ 'အဒေါ်နဲ့လိုက်သွားတယ်' ဆိုတာကလွဲ ဘယ်ကိုသွားလိုက်သလဲ? ဘာလုပ်နေလဲ? ဆိုတာကိုပြောပြပေးနိုင်မည့်သူတို့ မရှိခဲ့...
သော့ခတ်ထားတဲ့ ခြံတံခါးပြာပြာလေးကို သူငေးကြည့်နေပြီး အချိန်တစ်ခုအကြာမှာတော့ အဖြေတစ်ခုကိုသာ သူလက်ခံလိုက်ရပြီဖြစ်သည်။
*...'ကွန်းခိုရာ'က သူ့အနားက ထွက်သွားခဲ့ပြီ..*
...
"...'A Trip That I Wanna Go with My Friends' (ငါ့သူငယ်ချင်းတွေနဲ့သွားချင်တဲ့ ခရီးတစ်ခု) ဆိုတဲ့ essay(အင်္ဂလိပ်စာစီစာကုံး)ရေးခိုင်းတုန်းက ချောင်းသာလို့ရေးထားတာသိတယ်မလား?"
"..."
guideဆရာမရဲ့ အသံမာမာအောက်မှာ 'တေဇ'ကော 'စိုပြေ'ပါ ခေါင်းငုံ့ထားမိသည်။ မနက်ဖြန်ဆိုကျောင်းဖွင့်ပြီမို့ ဆရာမက စာပြန်နွေးပေးဖို့ လာခြင်း..။
"...'တေဇ'က စိတ်ဆိုးနေလို့ ဒီအတောအတွင်းတစ်ခါမှ မဆက်သွယ်ခဲ့ဘူးပေါ့? ဟုတ်ပြီ ထား၊ ဒါဆို 'စိုပြေ'ကကော ခရီးသွားမယ့်အကြောင်း တစ်ခါလေးတောင်မပြောခဲ့ဘူးမဟုတ်လား?""သူ...အနေရခက်မှာစိုးလို့ပါ၊ နှစ်ယောက်သားက လမ်းခွဲလိုက်တော့ သူ့ကိုနေရမခက်စေချင်လို့.. သူစိတ်မကောင်းဖြစ်နေမှာစိုးလို့..."
VOUS LISEZ
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Roman d'amourမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး