"ကိုယ့်ကို ဒါလေးတစ်ချက်.."
"ဟုတ် ဘယ်ဟာ?.."
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် စကားသံတို့ဟာ တစ်ဝက်တစ်ပျက်..
"...'ကွန်းခိုရာ'?"
"..."
'တေဇ'သူ့ရှေ့မှကောင်မလေးကို စူးစိုက်စွာကြည့်မိသည်။ မျက်နှာငယ်လေးနှင့် အပြစ်လုပ်ထားသူနှယ် ဆောက်တည်ရာမရနေသူလေးက 'တေဇ'အကြည့်စူးစူးတွေအောက်မှာ နေရခက်ဟန်ပြသည်။
"ဒီ..ဒီဟာလား billတွက်ပေးရမှာလား..ရှင့်.."
"မဟုတ်. ကိုယ်ဒါမျိုးနောက်တစ်အုပ်ထပ်လိုချင်လို့"
လက်ထဲက ဆေးစာအုပ်ထူထူကိုညွှန်ပြရင်းပြောလာတော့ 'ကွန်းခို'အယောင်ယောင်အမှားမှားဖြင့် ခေါင်းညိတ်ပြမိသည်။ 'ကွန်းခို'အနောက်က စာအုပ်စင်ဆီမှာ ခပ်မြန်မြန်ပဲပုံတူစာအုပ်ကိုရှာလိုက်ပြီး ကမ်းပေးလိုက်တော့သည်။
"ရပါပြီ"
"7500နဲ့နှစ်အုပ် 15000ကျပါတယ်ရှင်"
'တေဇ'က ခေါင်းအသာဆတ်ပြီး အိတ်ထဲက cardကိုထုတ်ပေးလိုက်သည်။ ဆိုင်ထဲမှာလည်း စာဖတ်နေသူတွေ၊ စာအုပ်ရွေးနေကြသူတွေရှိနေတာမို့ သူ့ကိုမသိချင်ယောင်ဆောင်နေသူကို ဘဝင်မကျပေမယ့် ဘာမှမပြောပဲ ဆိုင်ပြင်ထွက်လာခဲ့တော့သည်။
'ကွန်းခို' ဆိုင်တံခါးကိုသေချာပိတ်လိုက်ပြီးနောက် စာအုပ်ဆိုင်ပိုင်ရှင် အားရီလက်ထဲသို့ သော့ကို သေချာထည့်ပေးလိုက်သည်။ အားရီနာမည်အရင်းက 'ဒေါ်မေရီ' ဆိုပေမယ့် တရုတ်မြန်မာကပြားဖြစ်လို့ အားလုံးက အားရီလို့ခေါ်ကြသည်မို့ 'ကွန်းခို'ပါ လိုက်ခေါ်မိခြင်း ။
Busမမီမှာ စိုးလှသဖြင့်Bus Stop သို့ခပ်မြန်မြန်ပဲလမ်းလျှောက်သွားနေစဉ် နောက်ဆီမှ ကားဟွန်းသံ ကျယ်ကျယ်ကြောင့် 'ကွန်းခို'လန့်သွားမိသည်။
"အမေ့!!"
'ကွန်းခို'ရှေ့ပိတ်ရပ်လိုက်သည့် အပြာရင့်ရောင် sport carတစ်စီး၊
တောက်ကနဲအပေါ်ကိုပွင့်တက်လာတဲ့ ကားတံခါးတွေနောက်မှ စတိုင်ကျကျဆင်းလာသူက 'လွှမ်းတေဇ'...။
"ဒီအတောအတွင်း ဘယ်မှာ ဘာတွေလုပ်နေခဲ့တာလဲ? 'ကွန်းခိုရာ'..."
"ကိုယ် မင်းကိုတစ်ချိန်လုံးလိုက်ရှာနေခဲ့တာ"
VOCÊ ESTÁ LENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
