00:34(uni ver)

24.5K 616 19
                                        

This part may have some adult senses, so read your own risk 💟

"‌ထပ်မပြောနဲ့တော့ ဘေဘီ ဒီမှာပဲနေရမယ်"

"ဒါပေမယ့်လည်း..."

"ဒီမှာနေမလား ကိုယ်နဲ့အခုချက်ချင်းလက်ထပ်မလား တစ်ခုရွေး"

'ကွန်းခို'တစ်ယောက် ငိုမဲ့မဲ့လေးပင်ဖြစ်နေလေပြီ။ ဒီ 'လွှမ်းတေဇ'က လွန်ခဲ့တဲ့လေးနှစ်ကထက် ပိုပြီးတဇွတ်ထိုးဆန်လာတာဖြစ်သည်။

'လွှမ်း'က သူ့အိမ်မှာပြန်နေမှာဖြစ်ပြီး 'ကွန်းခို'က ဒီကွန်ဒိုမှာနေရမည်ဟု အမိန့်ကျလာသည်။

"ငါ အလုပ်တော့လုပ်ချင်တယ်"

"မရဘူး"

'လွှမ်း'ဆီမှ ထပ်ပြီးထွက်လာသည့် ယတိပြတ်ငြင်းသံ။

"ဒါတော့ငါ့ကို လိုက်လျောပေး 'လွှမ်း' ၊ ငါအလုပ်မလုပ်ပဲ ဘာနဲ့အသက်ဆက်ရမလဲ"

"ကိုယ်တစ်ယောက်လုံးရှိနေတာပဲ ဘာတွေတွေးပူနေတာလဲ ဒီခေါင်းသေးသေးလေးက"

'တေဇ' အရှေ့ကအဖြူရောင်ဟူဒီလေးနဲ့ ဖက်ထုပ်လိုဖြစ်နေသည့် ကောင်မလေး၏ဆံပင်တွေကိုချစ်စနိုးဆွဲဖွမိသည်။

"မဟုတ်ဘူး မတူဘူးလေ"

"အွန်ဟွန်"

'လွှမ်း'က အလေးမထားဟန်ဖြင့် 'ကွန်းခို'ရဲ့ ဂုတ်ဝဲသာသာဆံပင်တွေကိုသာ ဆော့ကစားဖို့ရာအာရုံထားနေသည်။

"ငါ့ကိုဘာလို့နားမလည်ပေးတာလဲ၊ ငါက...ငါကဘာမှ မပြည့်စုံသေးဘူး ပညာရေးကအစ၊ အရာရာမှာနိမ့်ကျနေတုန်းပဲ...အဲ့လိုငါက နင့်အနားကပ်နေပြီး နင့်ဆီကအကုန်ယူနေမိလို့မဖြစ်ဘူးလေ...ငါက..."

'ကွန်းခို'ရဲ့ စကားသံတွေရပ်တန့်သွားရသည်။ အကြောင်းကတော့ 'လွှမ်း'က 'ကွန်းခို'ရဲ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ကာ ခပ်ကြမ်းကြမ်းစုပ်ယူလာတာကြောင့်ပင်။

'တေဇ'က 'ကွန်းခိုရာ'ရဲ့ အောက်နှုတ်ခမ်းကို ခပ်ဆဆကိုက်ချလိုက်တော့ နာကျင်ဟန်ပွင့်ဟလာသည်။ နှုတ်ခမ်းသား အိအိလေးထဲလျှာကိုတိုးဝင်ကာ လျှာချင်း လိမ်ယှက်မိတော့ 'ကွန်းခိုရာ'ရဲ့ ခန္ဓာကိုယ်လေးက သိမ့်ခနဲ။

"ပြွတ်စ် အင့်"

'ကွန်းခို'ရဲ့ လျှာကိုအပြင်ရောက်အောင်ထိဆွဲစုပ်ယူကာ အတင်းဖိနမ်းနေသူကြောင့် 'ကွန်းခို'မှာ အသက်ရှူမဝဖြစ်လာရသည်။ နှုတ်ခမ်းတွေကို တစ်ချက်အလွတ်မပေးပဲ ဖိကပ်နမ်းနေသူ၏ အစိုးမရတဲ့လက်တွေက 'ကွန်းခို'ရဲ့ ရင်သားတွေကို ဟူဒီပေါ်မှတစ်ဆင့် ဖျစ်ညှစ်ကာ နယ်ကျွံလာကြသည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Donde viven las historias. Descúbrelo ahora