'ဟော့ပေါ့လုပ်ထားသည်'ဟု ဖုန်းဆက်လာခဲ့သည် 'အန်တီမြနန္ဒာ'ကြောင့် 'ကွန်းခို'တို့ တောင်ပေါ်မှ ဆင်းပြီးအပြန် 'လွှမ်းတေဇ'၏ အိမ်သို့သာ တန်းလာခဲ့လိုက်တော့သည်။
'အန်တီမြနန္ဒာ'၏ ဟင်းချက်လက်ရာကလည်းသေလောက်သည်၊ ဘာချက်ချက်စားကောင်းတာပင်၊ အန်တီကလည်း အိမ်မှာ ထမင်းချက်ငှားမထားပါ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ကိုယ့်ဘာသာပဲချက်တတ်ပြီး ဆိုင်ကလည်းဝယ်စားလေ့မရှိ၊
"လာကြပြီလားကလေးတို့၊ ရတော့မယ်နော် ခဏနားကြဦး"
"ဟုတ် အန်တီ"
...
'ကွန်းခို'နှင့် 'စိုပြေ' က တစ်အိမ်လုံးအနှံ့ရောက်ဖူးပေမယ့် ဒုတိယထပ်ရှိ 'လွှမ်းတေဇ'၏ အခန်းထဲသို့ ရောက်ဖူးခဲ့ခြင်းမရှိပါ၊
အခုတော့ 'စိုပြေ' ၏ အတင်းတောင်းဆိုမှုကြောင့် 'လွှမ်းတေဇ'၏ အိပ်ခန်းထဲသို့ ရောက်လာခဲ့ကြသည်၊
'ကွန်းခို' ပါးစပ်စိဖို့ပင်မေ့ရသည်၊ 'လွှမ်းတေဇ'၏ အခန်းက သန့်ရှင်းနေကာ ပစ္စည်းများကလည်း သူ့နေရာသူ၊ အခန်းအလယ်ရှိ ကုတင်ထက်၌လည်း စောင်များ ခေါင်းအုံးများက နေရာတကျ၊ စာကြည့်စားပွဲပေါ်ရှိ စာအုပ်များကလည်း အစီအရီပင်၊ အခန်းကျယ်ကြီးထဲရှိ မြင်မြင်သမျှက ခမ်းနားလွန်းပေမယ့် 'ကွန်းခို'၏ အာရုံကို ဖမ်းစားနိုင်ဆုံးကတော့ နံရံမှာ ကပ်ထားတဲ့ စာအုပ်စင်နှစ်စင်နှင့် အခန်းထောင့် စားပွဲပေါ်ရှိ ဂစ်တာတို့ပင်၊ နံရံကိုမှီပြီး ထောင်ထားတဲ့ skateboardနှစ်ခုကိုလည်း တွေ့ရသေးသည်၊
"ဝါး နင့်မှာဂစ်တာရှိတာကိုး၊ မိုက်လိုက်တာ"
'လွှမ်းတေဇ'က ခေါင်းတစ်ချက်ဆတ်ပြရင်း ဂစ်တာကို သွားယူလာသည်၊
"တီးကြည့်မလား?"
'ကွန်းခို' မျက်လုံးတွေ အရောင်တောက်သွားခဲ့သည်၊ ဂစ်တာလိုချင်ပေမယ့်လည်း သူမ မပူဆာရဲ၊ ဂစ်တာကို 'လွှမ်းတေဇ' လက်ထဲမှ လွှဲယူလိုက်ပြီးမှ သူမ သတိရသည်၊ သူမ မှ ဂစ်တာမတီးတတ်ပဲ၊
"အယ် ငါ မတီးတတ်ဘူးကော"
'လွှမ်းတေဇ' က ဘာမှမပြောတော့၊ အဲ့အစား သူ့ကိုသာ ပြုံးပြီးကြည့်နေတော့သည်မို့ 'ကွန်းခို' နေရခက်စွာဖြင့် ဂီတာကို သူ့လက်ထဲပြန်ထည့်ပေးပြီး စာအုပ်စင်တွေဘက် လျှောက်သွားလိုက်တော့သည်။
VOCÊ ESTÁ LENDO
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
