00:36(uni ver)

21.4K 564 17
                                        

ဟိုကြည့် ဒီကြည့်ဖြင့် ဘာမှမဝယ်ပဲ ဈေးကိုသုံးခေါက်လောက်ပတ်ပြီးတဲ့နောက်မှာတော့ အနောက်ဈေးဘက်သို့ ချီတက်ခဲ့ကြသည်။

မြင်သမျှမုန့် အကုန်လက်ညှိုးထိုးကာ ဝယ်သမျှအကုန် 'တေဇ'သာ ဒိုင်ခံရှင်းရသည်။ အခုသူ့ပုံက သမီးနှစ်ယောက်အဖေနှင့်ပင် တူနေလေပြီ။

"ငါမှ နို့ထမင်းမကြိုက်တာ"

"ငါလည်းဂျုံမကြိုက်ဘူးလေ"

"တစ်ယောက်တစ်ပွဲစားကြပါလား"

"မကုန်ဘူး"
"မကုန်ဘူး"

နွားနို့ထမင်းနဲ့ ဂျုံယို ဟိုဟာစားမယ်ဒီဟာစားမယ်နဲ့ သူများဆိုင်ရှေ့ပိတ်ရပ်ပြီး အဝေမတည့်နိုင်။ ဝင်ဖြေရှင်းပေးပြန်တော့လည်း အော်ခံရတာသာအဖတ်တင်သည်။

သနပ်ခါးကိုပါးအပြည့်လူးထားသည့် ဆိုင်ရှင်အန်တီကြီးက သဘောကောင်းပုံပေါ်သည်။
ပန်းကန်တစ်လုံးစီဖြင့်လိုချင်သလောက်ကိုထည့်ပေးသည်။ လိုချင်တာရသွားကြပြန်တော့လည်း နှစ်ယောက်သား ဆိုင်ရှင်အန်တီနှင့်အဖွဲ့ကျကာ စကားပြောလိုက် စားလိုက် ရယ်လိုက်ဖြင့် မအားနိုင်။

တကယ်ပါ ဒီနှစ်ယောက်ပေါင်းမိသွားရင် 'တေဇ'က အလိုလိုကို ဘေးရောက်သွားတာပင်။

"ဟူးးးးး"

...
'မြသိန်းတန်'တောင်ပေါ်သို့ထပ်တက်ဖြစ်ကြသည်။ ကားကိုတောင်ခြေမှာရပ်ထားခဲ့ပြီး လှေကားထစ်တွေအတိုင်း view point ထိရောက်အောင် လမ်းလျှောက်တက်ကြသည်။

မြစ်ပြင်ကိုကျောပေးကာဖြင့် 'စိုပြေ'မှ ဓာတ်ပုံရိုက်ရန် တာဆူနေလေပြီ၊ ဓာတ်ပုံကောင်းကောင်းရိုက်တတ်တဲ့ 'လွှမ်း'မှသေချာချိန်ရိုက်ပေးနေသည်။

ပန်းဆီရောင်ချည်သားဂါဝန်လေးက ခြေမျက်စိထိရှည်ကာ လေမှာတလွင့်လွင့်၊ ပန်းနုရောင်ဦးထုပ်အဝိုင်းလေးက 'စိုပြေ့'ရဲ့ ကျော့ရှင်းမှုကို ပိုစေသည်။ တောင်ပေါ်ကိုရောက်နှင့်နေပြီးသား ကောင်လေးတချို့ကပါ ကွက်ကြည့် ကွက်ကြည့်။

"...'စိုပြေ'က လှလိုက်တာနော်...."

"ကိုယ်တော့ချစ်ဖို့ကောင်းတာကို ပိုသဘောကျတာ၊ ဥပမာမင်းလိုမျိုးလေ"

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ