"ကိုယ်ရှင်းပြမယ် မဟုတ်ဘူး ကိုယ်ပြောပြပေးမယ် နားထောင်ဦး ဘေဘီ"
'ကွန်းခိုရာ'ရဲ့ ရှိုက်ငိုသံကြောင့် 'တေဇ'မှာ တော်တော်ထူပူသွားခဲ့သည်။ထောင့်မှာကပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသည့် 'ကွန်းခိုရာ'ကိုမြင်တော့ 'တေဇ' ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရသည်။
ရင်ခွင်ထဲ ဆွဲထည့်ဖက်တော့ ငြင်းဆန်လာသူက လက်သီးဆုပ်လေးတွေနှင့်လည်း ထုရိုက်လာပြန်သည်။
"ဘာလို့ဒီလောက်အဖြစ်သည်းပြနေရတာလဲ... အိုး...မဟုတ်မှ ငယ်ချစ်ဦးဆိုတာလေးများလား"
"မင်း...! ပြန်လိုက်တော့"
"အဟင်း ပြန်မှာပါ အနာဂတ်ရဲ့ အငယ်အနှောင်းလေးနဲ့သာ ပျော်ပျော်နေခဲ့"
"အော်... လာရင်းအကြောင်းကိုမေ့တော့မလို့ ညနေ တို့ birthday party... မလာရင်သိတယ်မလား အဟင်း"
ထို့နောက် တံခါးပိတ်သံကျယ်ကျယ်ကို ကြားလိုက်ရသည်။
ရင်ခွင်ထဲက 'ကွန်းခိုရာ'က အခုချိန်ထိရှိုက်ငိုနေဆဲ။
"ကိုယ့်ကိုကြည့်ဘေဘီ ကိုယ့်ကိုကြည့်"
မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်ဆွဲမော့ကာ အကြည့်ချင်းဆုံစေပြန်တော့လည်း ခေါင်းတွေကို အတင်းခါရမ်းပစ်သည်။
"ဟင့်အင်း ဟင့် အင့်"
"ကိုယ်မင်းကိုအရမ်းချစ်တာ သိတယ်မလား မင်းကိုပဲချစ်တာ ကိုယ်ပြောတာပဲ နားထောင်ပေး နော်"
...
"ကိုယ်မှားသွားတယ် ကိုယ်တကယ်မှားသွားတယ်"
"ဒါပေမယ့် ဘေဘီ ကိုယ်တို့က စေ့စပ်ထားတာပဲရှိတာပါ ဘာမှမပတ်သက်ဘူး"
"စီးပွါးရေးအရပဲ စေ့စပ်ထားတာ၊ ကိုကိုနဲ့စေ့စပ်ပေးဖို့ပေမယ့် ကိုကိုက 'စိုပြေ'နဲ့မို့ ကိုယ်က စေ့စပ်ထားလိုက်တာ"
"စေစပ့်တာလေးပဲကွာ ဘယ်အချိန် ဖျက်မလဲ၊ ရတယ်ကွာ နော်"
"မငိုပါနဲ့ကွာ"
...
တိတ်ဆိတ်တဲ့ ဘားမှာ ပိုပြီး တိတ်ဆိတ်ငြိမ်သက်နေမိသူဟာ 'လွှမ်းတေဇ'ပဲ ဖြစ်လိမ့်မည်။
'တစ်ယောက်တည်း နေချင်တယ်'ဆိုတဲ့ စကားကြောင့် အပြင်ကို သူခပ်မြန်မြန် ထွက်လာပေးခဲ့တာပင်။
အပြင်မှာ ညအိပ်မိရင် အဆောင်ကထွက်ရမယ်ဆိုတဲ့ အဆောင်စည်းကမ်းကြောင့် ဒီကလေးမ သွားစရာနေရာလည်း ထပ်မရှိတာမို့ 'တေဇ' တစ်ယောက်တည်း ထားခဲ့တာပင်။
အရှေ့က ဘီယာခွက်ကို ကောက်ယူကာ တစ်ကြိုက်တည်း မော့သောက်ပစ်သည်။ ခါးသက်သက်အရသာက လျှာဖျားမှ တစ်ဆင့် လည်ချောင်းထဲသို့ ပူဆင်းသွားသည်။
ထို့နောက် Bartender ကို အမူအယာနဲ့ ထပ်ဖြည့်ခိုင်းလိုက်မိသည်။
YOU ARE READING
မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)
Romanceမင်းသာ ဘဝ မင်းသာ ကမ္ဘာ မင်းသာ အသက်ဆက်ဆေး
