"ဂျီဆောင်း...အကို့ ကိုကြည့်"
ဈာပနပွဲမှာစောင့်နေရင်းနဲ့တစ်သိမ့်သိမ့်ရှိုက်ကာငိုနေခဲ့တဲ့သူ့ညီလေးဖြစ်သူ ဂျီဆောင်းရဲ့မျက်နှာလေးကိုဂျယ်မင်းကအပေါ်မော့လိုက်စေရင်းပြောလိုက်တယ်။
ဂျယ်မင်းလဲအမှန်တိုင်းပြောရရင်အရမ်းငိုချင်နေတယ်။ ဒါပေမယ့်လည်းသူကငိုလို့မရပြန်ဘူး။ အကြောင်းပြချက်ကတော့သူပြိုလဲ၍မရသောကြောင့်...
"
ဂျယ်မင်းကဂျီဆောျင်းရဲ့အရပ်ရှည်လှတဲ့ညီလေးကိုဖက်လိုက်ရင်းပဲ ကျောကုန်းလေးတွေကိုပွတ်သပ်ပြီးနှစ်သိမ့်ပေးလိုက်တယ်။ ထိုအခါမှပိုငိုလာသောဂျီဆောင်းပင်။
"အင်းပါ.. မငိုနဲ့~"
တကယ့်ကိုအငိုသန်လေး...။ ဂျီဆောင်းရဲ့ရှိုက်ကြီးတစ်ငင်ငိုသံကြောင့်ဂျယ်မင်းရဲ့မျက်လုံးတွေမှာပါ မျက်ရည်တွေဝိုင်းလာကာငိုမိတော့မလိုဖြစ်သွားပါ၏။
ဒါပေမယ့်လည်းဂျယ်မင်းကသူ့စိတ်ကိုထိန်းလိုက်ရင်းမငိုမိအောင်သူ့ခေါင်းကို အပေါ်မော့လိုက်ကာမျက်ရည်တွေကိုမျက်လုံးထဲမှာပဲထိန်းသိမ်းထားလိုက်တယ်။
ဂျယ်မင်းကဂျီဆောင်းရဲ့နောက်ကျောလေးကိုဖွဖွလေးပွတ်ပေးလာတော့ ဂျီဆောင်းကဂျယ်မင်းကိုတင်းကြပ်စွာပြန်ဖက်လာပါသည်။
ဂျယ်နိုပျောက်သွားပြီးခုနှစ်လအကြာ၊ ဂျယ်မင်းရဲ့အမေဖြစ်သူကသေဆုံးသွားခဲ့တယ်။ အကြောင်းပြချက်မရှိပဲနဲ့ပေါ့။ ဆရာဝန်တွေပြောတော့ကြနှလုံးထဖောက်တာပါတဲ့။
ဒါပေမယ့်ဂျယ်မင်းရဲ့အမေကနှလုံးထဖောက်ဖို့နေနေသာသာကျန်းမာလွန်းလို့ဒေါင်ဒေါင်မြည်။ နှလုံးရောဂါဆိုတာတကယ့်ကိုအဝေးကြီး။ အဲ့လောက်ထိကိုကျန်းမာတဲ့လူကရုတ်တရက်ကြီးသေသွားတယ်။
သူအသက်တစ်ငါးနှစ် (၁၅)ပထမဆုံးချစ်တဲ့လူဟာယောင်္ကျားတစ်ယောက်ဖြစ်နေခဲ့တယ်။ ပြီးတော့အဲ့ကောင်လေးနဲ့တွဲပြီးသုံးနှစ်အကြာဂျယ်မင်းအသက်တစ်ဆယ့်ခုနှစ်(၁၈)နှစ်မှာပြတ်သွားခဲ့တယ်။
ပြတ်သွားတယ်ဆိုတာကလည်းရိုးရိုးတန်းတန်းတော့မဟုတ်ပါဘူး။ လမ်းခွဲစကားလဲမကြားခဲ့ရသလို နှုတ်ဆက်စကားရော၊ တောင်းပန်စကားရောတစ်ခုမှတောင်မချန်ထားခဲ့ပဲပျောက်သွားခဲ့တယ်။

VOCÊ ESTÁ LENDO
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...