ဂျယ်မင်းကသူ့ရဲ့နာရီကိုတစ်ချက်ပြန်ငုံ့ကြည့်လိုက်ပြီးတော့အချိန်ကိုစစ်ဆေးလိုက်တယ်။ ဒီအချိန်ဆိုဂျီဆောင်းကကျောင်းဆင်းပြီးနေပြီဖြစ်သည်။
ဂျီဆောင်းကကျောင်းကနေတောင်အိမ်ကိုပြန်သွားလောက်ပြီဖြစ်သည်။ ဒါကြောင့်ဂျယ်မင်းကသူ့ရဲ့ခြေလှမ်းတွေကိုပိုပြီးမြန်ဆန်စေလိုက်တယ်။
သေချာပေါက်ကိုဂျီဆောင်းကိုဒီနေ့သွားကြိုရမယ့်ဟာကို...။ ဒမနက်ဖြန်ကဂျီဆောင်းရဲ့မွေးနေ့လေ။ သူ့ရဲ့အကိုဖြစ်သူကသူ့မွေးနေ့မှာသူ့ဘေးမရှိပေးဘူးဆိုတာဘယ်လိုအဓိပ္ပာယ်မရှိတာလဲ။
ဂျယ်မင်းရဲ့ဒီနေ့အစီအစဉ်ကသူဟာသူ့အတန်းတွေကိုပြီးအောင်တတ်မယ်။ နေ့တစ်ဝက်ထိပဲတတ်ပြီးတော့အချိန်ပိုင်းအလုပ်လုပ်ပြီးရင်တော့ဂျီဆောင်းရဲ့ကျောင်းဆီသွားမယ်။
ဂျီဆောင်းကိုကျောင်းကြိုပြီးလျှင်အတူတူလမ်းလျှောက်ပြီးတော့ညစာသွားစားကြပါမည်။ ထိုအပြီးတွင်တော့ဂျီဆောင်းကိုသူ့အိမ်သူပြန်ပို့ပေးမည်ဟူ၍။
ထိုသို့စီစဉ်ထားခဲ့သော်လည်းလီဂျယ်နိုကသူ့ရဲ့အလုပ်နေရာဖြစ်သော ကော်ဖီဆိုင်ကိုရုတ်တရက်ရောက်လာခဲ့ပြီးတော့သူ့ကိုအဓိပ္ပာယ်မရှိတာတွေပြောခဲ့သည်။
ပုံမှန်ဆိုရင်ဂျယ်မင်းကဒီအကြောင်းကိုအတော်လေးကိုစိတ်အနှောင့်အယှက်ဖြစ်မိလိမ့်မည်။ ဒါပေမယ့်လည်းဂျယ်မင်းကယခုတွင်တော့အနည်းလေးတောင်မသက်မသာဖြစ်မနေ။
ဂျယ်မင်းကသူပြောချင်တဲ့စကားတွေတော်တော်များများကိုပွင့်ပွင့်လင်းလင်းပဲ အားနာခြင်းအလျဉ်းမရှိစွာပြောခဲ့ပြီးဂျယ်နိုကိုပထမဆုံးအနေနဲ့အနိုင်ယူခဲ့သည်။
ဂျယ်မင်းကအရှေ့တွင်ကျောင်းသားအနည်းငယ်သာထွက်လာသည့်ကျောင်းဂိတ်ကို မြင်နေရပြီဖြစ်တာကြောင့်ဂျယ်မင်းကချက်ချင်းပဲသူ့ဖုန်းကိုထုတ်ကာစာပို့လိုက်လေတယ်။
'ဂျီဆောင်း အကိုအခုကျောင်းရှေ့မှာ။ အိမ်ပြန်ရောက်သွားပြီလား?'
ဂျယ်မင်းကစာပို့ပြီးတာနဲ့သူ့ဖုန်းကိုကုတ်င်္အကျီထဲပြန်ထည့်လိုက်ကာ ကျောင်းဝင်းထဲကိုဝေ့လည်ပတ်ကြည့်လိုက်သော်လည်းဂျီဆောင်းကရှိမနေ။

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...