EP - (43)

463 45 2
                                    

"အမေ့သမက်ကအမေ့အတွက်လက်ဆောင်တွေဝယ်လာတယ်လေ"

ဂျယ်မင်းကသူ့အမေရဲ့လက်ကိုကိုင်ကာ လက်ဆွဲနှုတ်ဆက်ဖို့အတွက်တုံ့ဆိုင်းနေတဲ့အခါမှာ ဂျယ်နိုကသူ့လက်ထဲကလက်ဆောင်ဘူးအချို့ကိုရှေ့ထုတ်ကာပြောလိုက်လေတယ်။

ထိုအခါဂျယ်နို့အမေရဲ့မျက်နှာကအနည်းငယ်ပျက်သွားပြီးတော့ လက်ကိုပြန်ရုတ်လိုက်ကာဂျယ်နိုကိုလှည့်ကြည့်လာကာ လက်ဆောင်တွေကိုကြည့်လိုက်လေတယ်။

"ဟန်နီ...ကဝယ်လာတာလေ"

ဂျယ်နိုကတမင်တကာကို 'ဟန်နီ' ဆိုတဲ့နေရာမှာသူ့ရဲ့အသံကိုဖိချလိုက်ကာ ဒီအိမ်ပေါ်ရောက်သွားတာတောင်ဂျယ်မင်းကသူ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာသတိပေးလိုက်သည်။

ဂျယ်နိုရဲ့အမေကလက်ဆောင်တွေက ဘာလဲဆိုတာကိုဖွင့်ကြည့်မယ့်အစား သူ့ရဲ့လက်ချောင်းတို့ကိုလှုပ်လိုက်ပြီးတော့ အနောက်ကမိန်းကလေးတစ်ယောက်အားလာယူစေလိုက်သည်။

ဂျယ်နိုကထိုမိန်းမငယ်လေးက သူ့ရဲ့လက်ထဲကလက်ဆောင်အိတ်အချို့ကိုလာယူတဲ့အခါမှာ သူ့ရဲ့လက်ကိုအနောက်သို့ဆုတ်လိုက်ကာငြင်းပယ်လိုက်တယ်။

ထို့နောက်ဂျယ်မင်းရဲ့လက်ထဲကိုလက်ဆောင်အိတ်အားထည့်လိုက်ပြီးတော့ ဂျယ်မင်းရဲ့လက်အားအရှေ့သို့ရွှေ့လိုက်စေကာ ဂျယ်နိုရဲ့အမေရှေ့ကိုရောက်စေတယ်။

"သားရဲ့ယောင်္ကျားကဝယ်လာတဲ့ဟာကို ဖွင့်တော့ကြည့်လိုက်ပါဦး"

ဂျယ်နိုရဲ့နှုတ်ခမ်းတွေကပြုံးနေပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေထဲမှာပြင်းထန်တဲ့ မဖြစ်မနေလိုက်နာရမယ့်အာဏာတစ်ခုရှိနေပြီးတော့ ဒီအရာကိုဂျယ်မင်းကလည်းသတိထားမိလေတယ်။

"ဒါပေါ့ ဖွင့်ကြည့်ရမှာပေါ့။ သမက်လေးရွေးထားတာပဲကို"

ထိုအခါဂျယ်နိုရဲ့အမေကအပြုံးတစ်ခုဖြင့်ပြောလာပြီးတော့ လက်ဆောင်ဗူးကို ယူလိုက်ကာသူကချက်ချင်းပဲတုံ့ဆိုင်းခြင်းမရှိဖွင့်ကြည့်လိုက်တယ်။

အထဲထဲကထွက်လာတဲ့ကျောင်းစိမ်းလက်ကောက် တစ်ခုကိုတွေ့တော့သူ့မျက်နှာပေါ်မှာ သေးငယ်သောအံ့ဩမှုတစ်ခုဖြစ်ပေါ်သွားတာကိုတွေ့လိုက်ရတယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now