EP - (36)

442 47 1
                                    

'ဒေါက် ဒေါက် ဒေါက်'

ဂျယ်မင်းကကျောင်းမသွားခင်အလုပ်အရင်သွားဖို့အတွက် မနက်စာစားနေစဉ်မှာပဲသူ့ရဲ့တံခါးကိုလာခေါက်တဲ့အသံကိုကြားလိုက်ရတယ်။

ဂျယ်မင်းကသူ့ရဲ့ပါးစပ်ထဲမှာ ပေါင်မုန့်တစ်လုံးကိုကိုင်ရင်းနဲ့ပဲတံခါးကိုဆွဲဖွင့်လိုက်လေတယ်။ ထိုအခါသူ့ရဲ့တံခါးရှေ့မှာရပ်နေတဲ့ပစ္စည်းပို့သမား။

"ပစ္စည်းလာပို့တာပါ နာဂျယ်မင်းဟုတ်တယ်မလားဗျ"

ဂျယ်မင်းကသူ့ရဲ့ပေါင်မုန့်ကိုပါးစပ်ထဲမှာကိုက်ထားရင်းနဲ့ပဲ ခေါင်းကိုငြိမ့်ပြလိုက်လေတော့ပစ္စည်းပို့သမားက သူ့လက်ထဲကပါဆယ်ထုတ်ကိုအောက်ချလိုက်ကာဂျယ်မင်းအိမ်ရှေ့ပေါက်ဝတည့်တည့်တမှာထားလိုက်ပါသည်။

"ပစ္စည်းလက်ခံကြောင်းလက်မှတ်လေးထိုးပေးပါဗျ"

ဂျယ်မင်းကသူ့လက်ထဲရုတ်တရက်ရောက်လာတဲ့ ဘောပင်ကိုယူလိုက်ကာချက်ချင်းပဲလက်မှတ်ထိုးပေးလိုက်ပါသည်။ ထို့နောက်ပါဆယ်ထုတ်ကိုအိမ်ထဲယူသွားပါတော့သည်။

ဂျယ်မင်းကမီးဖိုချောင်ထဲကဓားတစ်ခုကိုယူလိုက်ရင်း ပါဆယ်ကိုပိတ်ထားတဲ့တိတ်ကိုဖြတ်လိုက်လေပြီးပါဆယ်ဗူးကိုဆွဲဖွင့်လိုက်ပါ၏။

ဂျယ်မင်းကသူ့ပါးစပ်ထဲမှာပေါင်မုန့်ကိုကိုက်ရင်းနဲ့ပဲ သူ့အရှေ့ကပါဆယ်ဗူးထဲမှာရှိတဲ့ လှပရိုးရှင်းတဲ့ရှူးဖိနပ်အဖြူရောင်လေးတစ်ခုကိုငေးကြည့်နေမိတယ်။ ထို့နောက်အပေါ်တွင်ကပ်ထားသောစာတစ်စောင်။

'ကိုယ်ဒီနေ့ကစပြီးဟန်နီနဲ့ဆက်ဆံရေးကိုအစကနေပြန်စမှာ'

ဂျယ်မင်းကသူ့ရှေ့ကစာကိုယူပြီးတော့ ဆွဲဖြဲလိုက်လေတော့တယ်။ ဒီစာကိုတစ်စိမ့်စိမ့်ဖြင့်အသဲယားပြီးဖတ်ဖို့ရာလောက်ထိ လီဂျယ်နိုဆိုတဲ့လူကိုသူမခွင့်လွှတ်။

ဂျယ်မင်းကဖိနပ်ဘူးကိုယူပြီးတော့အဖုံးပြန်ပိတ်လိုက်ကာ အိမ်ရှေ့တံခါးဝအပြင်ဘက်မှာပစ်ထားလိုက်ပါတော့သည်။ ထို့နောက်ဂျယ်မင်းကအိမ်ထဲပြန်ဝင်လိုက်ပါသည်။

သူကတံခါးကိုပိတ်ဖို့လုပ်လိုက်ပေမယ့်လည်း ချက်ချင်းပဲသူ့ရဲ့တံခါးပိတ်မှုကိုတားလာတဲ့လက်ကြီးကြီးတစ်ခု။ ထိုလက်ကဂျယ်မင်းရဲ့တံခါးကိုကိုင်ကာဆွဲထားလေတယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽حيث تعيش القصص. اكتشف الآن