"ဂျီဆောင်း! ဂျီဆောင်း လွှတ်! ငါ့ကိုလွှတ်!!!"
Chenle ကဂျီဆောင်းရဲ့လက်ထဲကနေလွတ်ဖို့ရာ သူ့ရဲ့လက်ကိုအတင်းလှုပ်ရမ်းရင်းရုန်းကန်နေတယ်။ ဒါပေမယ့်လည်းဂျီဆောင်းရဲ့အားကိုတော့မလွန်ဆန်နိုင်ခဲ့။
ဂျီဆောင်းရဲ့လက်က chenle ရဲ့လက်ကောက်ဝတ်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားပြီးတော့ဒါက chenle ကိုနာကျင်စေတယ်။ Chenle ကရုန်းလေနာလေပဲ။
ဂျီဆောင်းကသူ့ကိုစင်ပေါ်ကနေတစ်ဆင့် အိမ်ထဲဝင်ကာဂျီဆောင်းရဲ့အိပ်ခန်းထဲအထိ အတင်းဆွဲခေါ်သွားသည်။ အိပ်ခန်းထဲရောက်တာတောင်မရပ်သေးဘဲ တံခါးလော့ကိုအရင်ချပစ်သည်။
ဂျီဆောင်းကထို့နောက် chenleရဲ့လက်ကိုဆွဲပြီးတော့ ကုတင်ပေါ်ကိုအတင်းထိုင်ချစေလေသည်။ ထိုပြီးတော့မှ chenle ရဲ့လက်ကိုလွှတ်လိုက်လေတော့သည်။
"မင်းဘာလုပ်တာလဲ!"
ဂျီဆောင်းကသူ့ရဲ့လက်ကိုလွှတ်ပေးလိုက်ခြင်းမှာပဲ chenle ကဂျီဆောင်းကိုအော်ပြောခြင်းကနေ သူတို့ရဲ့စကားဝိုင်းကိုအေးစက်စွာစတင်လိုက်တယ်။
ဂျီဆောင်းရဲ့မျက်ခုံးနှစ်ခုကထိစပ်တော့မလု နီးပါးဖြစ်နေပြီးတော့ သူဘယ်လောက်စိတ်တိုနေလဲဆိုတာကို ဒီအရာကနေပဲသိသိသာသာကိုမြင်နိုင်လေတယ်။
ဒါပေမယ့်ဂျီဆောင်းကိုသူကဂရုမစိုက်ဘဲနဲ့ ချက်ချင်းပဲကုတင်ပေါ်ကနေထလိုက်ကာ တံခါးဆီကိုအအြန်လမ်းလျှောက်ရင်းပြန်သွားလိုက်လေတယ်။
ဒါပေမယ့်လဲနောက်တစ်ခါသူက ဂျီဆောင်းရဲ့တားဆီးခြင်းကိုခံလိုက်ရပြန်တယ်။ ဒီနေရာမှာဂျီဆောင်းရဲ့ရှည်လျားပြီး အားပြင်းသောလက်တွေကအသုံးဝင်ပါသည်။
ချက်ချင်းပဲထွက်သွားဖို့ပြင်နေတဲ့ chenle အားတားရန် သူ့ရဲ့ပုခုံးကနေလှမ်းဆွဲလိုက်ကာ chenle ရဲ့ကိုယ်လေးအား အနောက်ကိုနှေးကွေးခြင်းမရှိဘဲပါလာစေတယ်။
ဒါပေမယ့်ချက်ချင်းပဲ chenleကသူ့ရဲ့ပုခုံးကိုရုန်းပစ်လိုက်ကာ ဂျီဆောင်းရဲ့လက်ကိုကွာကျစေတယ်။ ထို့နောက်ချက်ချင်းပဲတံခါးကိုဆွဲဖွင့်လိုက်တယ်။

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...