EP - (33)

410 44 9
                                    

'ဝုန်း!'

ဖြတ်ခနဲလက်သွားတဲ့ညအမှောင်ထဲကလျှပ်စီးမီးတစ်လက်ရဲ့နောက်မှာ 'ဝုန်း' ဟူသောမိုးကြိုးသံကရောက်လာပြီးတော့မိုးသံတွေကြားမှာဟိန်းထွက်သွားစေတယ်။

မိုးတွေကသဲသဲမဲမဲရွာနေပြီးတော့ကြမ်းပြင်ပေါ်ကျလာတဲ့ မိုးပေါက်တစ်ပေါက်တိုင်းဆီကမြေကြီးပေါ်မှာရေတွေအိုင်စေတယ်။

ဒါပေမယ့်လည်းအိုင်သွားတဲ့ရေတွေက ချက်ချင်းပဲအောက်ကိုစီးကျသွားလေပြီးဒီလိုပဲသံသရာကအထပ်ထပ်အခါခါလည်နေပြန်တယ်။

ကျလာတဲ့မိုးစက်တစ်စက်ဆီတိုင်းသေးငယ်တဲ့ရိုက်ခတ်သံကိုဖြစ်စေပြီးတော့ သေးငယ်တဲ့ရိုက်ခတ်သံတွေကများလာတဲ့အခါမှာတော့ 'မိုးသံ' ဆိုတဲ့ကျယ်လောင်တဲ့ရိုက်ခတ်သံဖြစ်သွားတာပါပဲ။

သဲသဲမဲမဲရွာနေတဲ့မိုးရေတွေကြားထဲမှာ အကူအညီမဲ့စွာနဲ့ဒူးထောက်နေခဲ့တဲ့ကောင်လေးက မိုးရေနဲ့လေတိုက်ခတ်မှုဒဏ်ကြောင့်အေးစက်ကာတုန်လှုပ်နေလေတယ်။

ဂျယ်မင်းရဲ့မြေကြီးပေါ်မှာထောက်ထားတဲ့ ဒူးတွေကသုံးရက်ဆက်တိုက်တစ်ချက်ကလေးတောင်မလှုပ်ဘဲထားထားတာမို့ထုံကျင်ကာနာကျင်နေလေတယ်။

သူ့ရဲ့ဒီအတိုင်းရှိနေတဲ့ခြေထောက်တွေကနာကျင်နေပြီးတော့ ထုံကာအအေးဒဏ်ကြောင့်ထပ်မလှုပ်နိုင်တော့ဘဲခဲသွားမှာကိုတောင်စိုးရိမ်ရတယ်။

ဂျယ်မင်းရဲ့လက်တွေကဆက်ပြီးတောင့်ခံရန်အတွက် အားတင်းထားဖို့ရာခြေထောက်ကိုထောက်ထားပြီးတော့မလဲကျသွားအောင်ကြိုးစားနေတယ်။

ဂျယ်မင်းရဲ့ခေါင်းကအောက်ကိုငိုက်ကျနေပြီးတော့ သူ့ရဲ့မျက်လုံးတွေကအပြီးပိတ်သွားတာကနေတားမြစ်နိုင်အောင် အားတင်းပြီးဖွင့်ထားပေမယ့်သူ့မျက်လုံးတွေကဒါကိုငြင်းဆန်နေတယ်။

သုံးရက်တာလုံးဘာမှမစားမသောက်ဘဲနဲ့ရှိနေတဲ့အတွက်ကြောင့် သူ့ရဲ့ခန္ဒာကိုယ်ကအားနည်းနေပြီးတော့အရှုံးပေးချင်နေပြီဖြစ်သည်။

ဂျယ်မင်းကသူ့ရှေ့မှာရှိတဲ့ခမ်းနားကြီးကျယ်လှတဲ့အိမ်တော်ကြီးထဲက သူ့ကိုလှောင်ရယ်သံတွေကိုပီပီသသရှင်းရှင်းလင်းလင်းကြားနေရတယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽حيث تعيش القصص. اكتشف الآن