EP - (17)

463 54 9
                                    

"ချောလိုက်တာ"

"ဒိတ်ဒိတ်ကြဲတွေဖြစ်မယ် ချောလိုက်ကြတာ"

"နောက်ဆုံးပေါ်ပြိုင်ကားနဲ့လာတာနော် အရမ်းခိမ်းသာမှာပဲ"

ဘေးနားကလူတွေရဲ့ပူနွေးကာတောက်လောင်နေတဲ့အတင်းစကားတွေနဲ့အတူတူ ကာယကံရှင်ဖြစ်တဲ့လူသုံးယောက်တူတူထိုင်နေတဲ့ဝိုင်းကတော့အေးစက်နေတယ်။

ဂျယ်မင်းကဘာစကားမီမပြောဘဲနဲ့သူ့ရှေ့မှာရှိနေတဲ့ဟင်းတွေကိုသူ့တူဖြင့်ယူကာ ဂျီဆောင်းရဲ့အရှေ့ကပန်းကန်ထဲကိုထည့်ပေးနေလေတယ်။

ဂျီဆောင်းကတော့လက်ကိုပိုက်ထားပြီးသူ့အရှေ့မှာရှိနေတဲ့ပန်းကန်ထဲကဟင်းတွေကိုတစ်ချက်ပင် မျက်စောင်းဖြင့်တောင်ထိုးမကြည့်ပဲနဲ့ဂျယ်နိုကိုတင်းကြပ်စွာစိုက်ကြည့်နေပါသည်။

ဂျယ်နိုကလည်းဂျီဆောင်းနဲ့နည်းတူစွာပဲလက်ကိုပိုက်ထားကာဂျီဆောင်းကို တင်းကြပ်စွာစိုက်ကြည့်နေပါသည်။ သူတို့နှစ်ယောက်ရဲ့ပုံစံကအကြည့်တိုက်ပွဲဝင်နေသလို။

မသိရင်လွန်ခဲ့သောငါးဘဝလောက်ထဲကရန်သူတွေစဖြစ်နေသကဲ့သို့။ ဂျယ်မင်းကတော့ထိုနှစ်ယောက်ရဲ့မိုးကြိုးမျက်လုံးတိုကပွဲကြားထဲကဓားစာခံအဖြစ်။

သူတို့ကြားထဲကအခြေအနေဟာဘယ်လောက်တောင်အေးစက်နေသလဲဆိုရင် ဆောင်းဦးရာသီအလည်တည့်တည့်မှာအပူပေးစက်ကတောင်အလုပ်မလုပ်တော့သလိုပဲ။

ဂျယ်မင်းကတင်းမာနေတဲ့အခြေအနေကိုပြေလျော့စေဖို့ရာဂျီဆောင်းရဲ့ပန်းကန်ထဲက အသားဖက်တစ်ဖက်ကိုသူ့ရဲ့တူဖြင့်ယူလိုက်ပြီးတော့ဂျီဆောင်းရဲ့ပါးစပ်နားတေ့ပေးလိုက်တယ်။

ထိုအခါဂျီတောင်းကသူ့ရဲ့ပါးစပ်ကိုဟပေးလာတော့ဂျယ်မင်းကသေသေချာချာ ခွံ့ကျွေးလိုက်ပြီးတဲ့အခါမှာတော့ဂျီဆောင်းကအသားကိုဝါးစားလိုက်ပါသည်။

ဘေးတစ်စောင်းကနေခွံ့ကျွေးရတာမို့ဂျီဆောင်းရဲ့နှုတ်ခမ်းထောင့်နားမှာ ပေသွားတာကိုတွေ့လိုက်ရတာနဲ့ဂျယ်မင်းကတစ်သျှုးကိုယူဖို့လက်လှမ်းလိုက်တယ်။

ဒါပေမယ့်ဂျယ်မင်းရဲ့လက်ထဲကိုတစ်သျှူးကမရောက်ခင်မှာပဲဂျယ်နိုက တစ်သျှူးတစ်ရွက်ကိုဆွဲထုတ်ရင်းဂျယ်မင်းရဲ့လက်ထဲကိုထည့်ပေးလာတယ်။ ထိုအရာတို့ကိုဂျယ်နိုဟာတစ်ချက်ပင်ဂျီဆောင်းဆီကအကြည့်မလွှဲပဲနဲ့လုပ်လိုက်တာဖြစ်သည်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Tempat cerita menjadi hidup. Temukan sekarang