EP - (34)

449 45 10
                                    

"အကို..."

ဂျယ်မင်းရဲ့နားနားမှာတကယ့်ကိုသေးငယ်တဲ့ အသံငယ်လေးတစ်ခုကထွက်လာနေပြီးတော့ ဂျယ်မင်းကဒါဟာဂျီဆောင်းအသံမှန်းသိနေတယ်။

"ထပါတော့ ကျနော်စောင့်နေတယ်လေလို့"

ဂျီဆောင်းရဲ့အသံမှာဝမ်းနည်းမှုတွေ၊ စိုးရိမ်မှုတွေပါဝင်နေတာကိုဂျယ်မင်းသိပါသည်။ ဒါပေမယ့်ဂျယ်မင်းကမျက်လုံးတွေကိုဖွင့်လို့မရ။

ဂျယ်မင်းရဲ့စိတ်ကမျက်လုံးဖွင့်ကာဂျီဆောင်းကိုတွေ့ချင်နေပေမယ့်လည်း သူ့ရဲ့ကိုယ်ကတော့လက်မခံပေ။ ပင်ပန်းနေတဲ့ခန္ဒာကိုယ်ဟာမျက်လုံးတွေကိုတောင်မလှုပ်ရှားစေချင်။

ဂျယ်မင်းကအရာအားလုံးကိုမေ့ပစ်လိုက်ပြီးတော့ မျက်လုံးဖွင့်နိုင်ဖို့ကိုပဲအာရုံစိုက်ကာသူ့ရဲ့မျက်လုံးတွေကိုဖွင့်ဖို့ကြိုးစားလိုက်ပါ၏။

အားမရှိတာကြောင့်ခက်ခဲနေပေမယ့်လည်း ခဏအကြာမှာပဲဂျယ်မင်းကသူ့မျက်လုံးတွေကိုဖွင့်လိုက်နိုင်တယ်။ ဂျီဆောင်းဆိုတဲ့ကလေးငယ်လေးကသု့ရှေ့မှာရှိလို့။

ဂျီဆောင်းရဲ့လက်တွေကဂျယ်မင်းရဲ့လက်မောင်းကိုကိုင်ထားပြီးတော့ ဂျီဆောင်းရဲ့ခေါင်းကလည်းဂျယ်မင်းရဲ့ဗိုက်နားကိုမျက်နှာအပ်ထားလေတယ်။

ဂျယ်မင်းကချက်ချင်းပဲသူ့ဘဝကအချစ်ရဆုံးလေးရဲ့ ချစ်ဖို့ကောင်းမှုကြောင့်ပြုံးလိုက်မိပြီးအားတွေပြန်တက်သွားသလိုတောင်ခံစားလိုက်ရသည်။

တကယ်ကိုဂျီဆောင်းကသူ့အတွက်အရာရာပင်။ ဂျီဆောင်းသာမရှိရင်သူဒီလိုဆိုးရွားလှတဲ့အခြေအနေမှာတောင်ပြုံးရယ်နေနိုင်မယ်မထင်ပါ။

ဂျယ်မင်းကသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်ကာ ဂျီဆောင်းရဲ့ခေါင်းပေါ်ကိုတင်ကာပွတ်ပေးလိုက်လေတော့မှ ဂျီဆောင်းကချက်ချင်းပဲမော့ကြည့်လာပါ၏။

"အကို!"

ဂျီဆောင်းကချက်ချင်းပဲဂျယ်မင်းကိုဖက်လိုက်တာကြောင့် ဂျယ်မင်းရဲ့ညောင်းညာကိုက်ခဲနေတဲ့ခန္ဒာကိုယ်ကရူးမတတ်နာကျင်သွားပေမယ့်လည်းသူကသည်းခံလိုက်တယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now