"ဂျယ်မင်း...! ရောက်လာပြီလား"
"မတွေ့တာကြာပြီ နာဂျယ်မင်း"
ဂျယ်မင်းကစားသောက်ဆိုင်ကိုရောက်ရောက်ချင်းသူတို့ငှါးထားတဲ့အခန်းထဲကို ဝင်ဝင်လိုက်ခြင်းမှကြားလိုက်ရသောနှုတ်ဆက်သံအချို့။
ဂျယ်မင်းကအဖြူရောင်ရှပ်လက်တိုအင်္ကျီကိုဝတ်ဆင်ထားကာ အောက်ကဂျင်းဘောင်းဘီတစ်ထည်ကိုသာပေါ့ပါးလွတ်လပ်စွာဝတ်ဆင်ထားပါသည်။
ဂျယ်မင်းရဲ့လက်ထဲမှာတော့မီးခိုးရောင်ကုတ်အင်္ကျီတစ်ထည်ကရှိနေပြီးတော့ အခန်းထဲဝင်ခါနီးမှချွတ်ကာလက်မှာကိုင်ထားတာလိုက်တာဖြစ်ဖို့များပါသည်။
ဂျယ်မင်းကသာမာန်ကျသောရှူးဖိနပ်တစ်ရံကိုသာဝတ်ဆင်ထားကာဂျယ်မင်းရဲ့ တစ်ကိုယ်လုံးကလွတ်လပ်ပြီးပေါ့ပါးစွာဖြင့်ရိုးရှင်းလွန်းနေပါသည်။
ဂျယ်မင်းကလွတ်နေတဲ့ထိုင်ခုံတစ်ခုံမှာဝင်ထိုင်လိုက်ပြီးတော့သူ့ရဲ့ဘေးမှာက သူနဲ့မရင်းနှီးပဲရင်းနှီးချင်ယောင်ဆောင်နေကြတဲ့အတန်းဖော်တစ်ချို့ရှိနေတယ်။
"အခုရက်ပိုင်းအဆင်ပြေရဲ့လား?"
"အင်း ဒီလိုပါပဲ..."
ဂျယ်မင်းကသူ့ဆီပြုံပြီးရောက်လာတဲ့အကြည့်တွေနဲ့မေးခွန်းတွေကို နေရခက်ကာမသက်မသာရှိတဲ့အပြုံးတွေနဲ့ပဲအလိုက်သင့်ဖြေပေးလိုက်တယ်။
ဂျယ်မင်းရဲ့အခြေအနေကတော့တော်တော်ကိုအဆင်မပြေပင်။ ဒီထဲမှာသူရင်းနှီးနေသောလူတစ်ယောက်ပင်မရှိတဲ့အပြင်တစ်ယောက်ပင်မပါနေ။ ဂျယ်မင်းအနေနဲ့သက်ပြင်းခိုးခိုးချကာသက်တောင့်သက်သာဖြစ်ရန်ကြိုးစားနေသည်။
"ဂျယ်မင်း..."
"အွန်း??"
"နင်နဲ့ဂျယ်နိုနဲ့အဆက်အသွယ်ရှိသေးလား?"
"..."
ဂျယ်မင်းမှာဒီမေးခွန်းနဲ့ပက်သက်ပြီးဖြေစရာကဘာမှမရှိ။ ဒီမေးခွန်းကသူ့အတွက်အရမ်းစိတ်ပျက်ဖို့ကောင်းလွန်းတဲ့အထိကိုမသက်မသာဖြစ်စေတယ်။
သူ့ကိုမေးခွန်းထုတ်လိုက်သောသူဟာ 'ကင်ယူရာ'။ အလယ်တန်းကျောင်းမှာသူတို့ကတစ်တန်းထဲကျရုံတင်မက။ အထက်တန်းတက်တဲ့အခါမှာလည်းတစ်တန်းထဲကျခဲ့သည်။

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...