EP - (49) {FINAL}

700 48 3
                                    

ဂျယ်မင်းကဘာဖြစ်လာမလဲဆိုတာကို ကြိုတင်ခန့်မှန်းသိရှိထားတာကြောင့် ဂျယ်မင်းကပြုံးလိုက်မိပြီးတော့ အရှေ့ကိုဖြည်းဖြည်းချင်းပဲဆက်လျှောက်လိုက်တယ်။

သူ့ရဲ့ခြေထောက်ကနင်းချလိုက်တိုင်းမှာ လင်းလာတဲ့အစိမ်းရောင်မီးတို့နောက်ကိုလိုက်ကာ အိမ်ကြီးရဲ့အနားကိုတဖြည်းဖြည်းနဲ့တိုးကပ်လာခဲ့တယ်။

'တောင်'

ဂျယ်မင်းကသူ့ရဲ့ရဲ့ဖုန်းထဲကိုရုတ်တရက်ကြီး အချိန်မတော်မှာဝင်လာတဲ့ မက်ဆေ့ဂျ်ကိုဖတ်ကြည့်လိုက်တော့ နာမည်ကိုတွေ့ပြီးတော့သူကအနည်းငယ်လန့်သွားရသည်။

သူ့ကိုစာပို့တာက ဂျယ်နိုရဲ့အမေ...။ ရုတ်တရက်ကြီး ညသန်းခေါင်ကြီးမှာစာပို့တယ်ဆိုထဲကဂျယ်မင်းက အရေးကြီးမှန်းသိတာကြောင့် ချက်ချင်းပဲဖွင့်ဖတ်လိုက်တယ်။

'ငါပြောတယ်။ ငါ့သားကနင့်လိုကောင်နဲ့တစ်သက်လုံးမလိုက်ဖက်ဘူး'

'အားနာပါတယ်။ ဒီညမှာလက်ထပ်ခွင့်တောင်းခံရမယ့်လူကနင်မဟုတ်ဘူး'

ဂျယ်မင်းကစာကိုဖတ်ပြီးတဲ့အခါမှာအနည်းငယ် ကြောင်ပြီးဆွံ့အသွားမိလေတယ်။ အခုလိုမျိုးအခြေအနေမှာဒီလိုစာမျိုးဝင်လာတာက ဂျယ်မင်းကိုအနည်းငယ်ထိတ်လန့်စေသည်။

ဂျယ်မင်းကသူ့ရဲ့ဖုန်းကအချိန်ကိုကြည့်လိုက်တော့ အချိန်ကတစ်နာရီနဲ့တစ်ဆယ့်ငါးမိနစ် (၁:၁၅)။ အလွန်ကိုနောက်ကျနေပြီဖြစ်သည်။ ဒီလိုအချိန်မှာရောက်လာတဲ့စာက အင်မတန်ကိုသူ့အားစိတ်အနှောင့်အယှက်ဖြစ်စေတယ်။

ဒါပေမယ့်အခုအချိန်ကောင်းလေးကို မပျက်ဆီးစေချင်တာကြောင့်စာမပြန်တော့ဘဲနဲ့ ဂျယ်နို့အမေရဲ့ စာအားလျစ်လျှူရှုရင်း အရှေ့ကိုပဲဆက်လျှောက်ဖို့ဆုံးဖြတ်လိုက်တယ်။

ဂျယ်မင်းကစိတ်မသက်မသာဖြစ်မိတို့နဲ့အတူတူ အရှေ့ကိုတစ်လှမ်းတိုးလိုက်တာနဲ့ပဲချက်ချင်းကို သူ့မျက်စိရှေ့ကမြက်ခင်းပြတစ်ခုလုံးက မီးတွေထိန်ထိန်လင်းသွားတယ်။

ဂျယ်မင်းကရုတ်တရက်ကြီးလင်းလာသောမီးတို့ကြောင့်ပြုံးရင်းနဲ့အရှေ့ကိုဆက်သွားရာကနေ နေရာမှာတင်ရပ်လိုက်တော့ ချက်ချင်းပဲသူနဲ့အနည်းငယ်အလှမ်းဝေးသေးတဲ့ အိမ်အပေါက်ဝနားမှာယောင်္ကျားလေးတစ်ယောက်ရဲ့ပုံရိပ်ကိုတွေ့လိုက်ရတယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now