EP - (40)

492 47 9
                                    

"ဂျီဆောင်းနဲ့တွေ့ချင်လို့ပါ..."

ဂျယ်မင်းကဆေးရုံခန်းကိုတံခါးခေါက်သံကြား၍ သွားဖွင့်ကြည့်လိုက်တော့တံခါးရှေ့မှာရပ်ကာဂျီဆောင်းနဲ့တွေ့ချင်ကြောင်းပြောလာတဲ့ chenle။

"အာ အင်း ဝင်လေ"

ဂျယ်မင်းကတံခါးဖွင့်ပေးလိုက်တော့ chenleကသူ့ရဲ့လက်နှစ်ဖက်ကိုပူးကပ်ထားမိရင်း ခေါင်းကိုငုံ့ကာဂျယ်မင်းရဲ့ရှေ့မှဖြတ်သွားပါ၏။

ထိုကောင်လေးမှာကြည့်ရတာ ဂျယ်မင်းကိုကြောက်နေသလိုလိုဖြစ်နေသောကြောင့် ဂျယ်မင်းကလည်းအနည်းငယ်မျက်နှာကိုပြေလျှော့လိုက်သည်။

သူ့မိထွေးရဲ့ကလေးဆိုပေမယ့်လည်းမိဘကလုပ်ခဲ့တာနဲ့ ကလေးနဲ့ဘာမှမဆိုင်ဘူးလေ။ ကလေးတွင်တော့ဘာအမှားမှမရှိတာကြောင့်ကြည်ကြည်ဖြူဖြူပဲဆက်ဆံလိုက်သည်။

'တောင်~'

ဂျယ်မင်းကဆေးရုံခန်း၍အတွင်းပိုင်း ဓျီဆောင်းရှိသောနေရာသို့သွားနေသည့်chenle နောက်ကိုမလိုက်သွားခင်မှာပဲသူ့ဖုန်းထဲကိုစာတစ်စောင်ကဝင်လာပါ၏။

Jeno : 'ကိုယ်အခုဆေးရုံရှေ့မှာရောက်နေလို့ ခဏလောက်အောက်ဆင်းလာပေးပါလား'

ဂျယ်မင်းကနာရီကိုကြည့်လိုက်တော့မနက်၆နာရီခွဲ။ ဂျယ်နိုကမနက်အစောကြီးထလာပြီးတော့ ဒီဆေးရုံကိုဘာလာလုပ်ပါသနည်း? မနေ့ညကလည်းည ၃နာရီထိုးခါနီးမှပြန်သွားသည်လေ။

'အင်း'

ဂျယ်မင်းကထိုတစ်လုံးတည်းကိုသာစာပြန်လိုက်ပြီးတော့ အခန်းအတွင်းပိုင်းထိဝင်သွားကာဂျီဆောင်းတို့ကိုအား အကျိုးအကြောင်းသွားပြောရန်သွားလိုက်ပါတော့သည်။

"ဂျီဆောင်း..."

ဂျီဆောင်းကကုတင်ပေါ်မှာလှဲနေပြီးတော့ chenleဟူသောကောင်ငယ်လေးကဂျီဆောင်း ကုတင်ဘေးကခုံမှာထိုင်နေလေသည်။ ဂျယ်မင်းကခေါ်လိုက်တော့သူတို့နီစ်ယောက်လုံးကလှည့်ကြည့်လာပါ၏။

"အကိုအောက်ခဏဆင်းလိုက်ဦးမယ်နော်။ တစ်ခုခုဆိုအကို့ကိုဖုန်းဆက်လိုက်"

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽حيث تعيش القصص. اكتشف الآن