EP - (39)

471 49 5
                                    

"ငါ့ကိုတောက်လျှောက်ကာကွယ်ပေးပါ မောင်ငယ်~"

"...မောင်ငယ်..."

ဂျယ်မင်းခေါ်လိုက်တဲ့မြတ်နိုးစရာနာမ်စားလေးနောက်ကနေပြီးတော့ ဂျယ်နိုကပါအတူတူသံယောင်လိုက်ရင်းအလိုလိုရေရွတ်လိုက်မိတယ်။

ဂျယ်မင်းရဲ့မျက်လုံးနားတစ်ဝိုက်မှာမျက်ရည်ကြည်လေးတွေကဝိုင်းနေပြီးတော့ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေကအပေါ်ကိုမသိမသာမြင့်တက်နေတယ်။

ဂျယ်နိုရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လေထုဟာ ပန်းရောင်ကိုပြောင်းသွားသလိုခံစားရသည်။ အရသာမခံလို့ရတဲ့လေထုကအစချိုမြိန်နေသလို။

"ကိုယ့်ကို 'မောင်ငယ်'... လို့ခေါ်လိုက်တာလား?"

ဒါဂျယ်မင်းသူ့ကိုနူးနူးညံ့ဆက်ဆံတဲ့ပထမဆုံးအကြိမ်လို့ပြောလို့ရမလား။ 'မောင်ငယ်' ဆိုတဲ့နာမ်စားကိုသူတို့စစတွဲတုန်းကဂျယ်မင်းကခေါ်ခဲ့သောနာမည်လေး။

သူပြောတာ 'မောင်'ဆိုတဲ့နာမ်စားကိုမှ မောင့်ကိုချစ်တဲ့အချစ်တွေနဲ့ကိုယ့်ထက်ငယ်တာကိုပေါင်းပြီး 'မောင်ငယ်' ဟုခေါ်ဆိုချင်သည်တဲ့လေ။

သူတို့ကြားမှာဆိုးရွားလာတဲ့အဖြစ်အပျက်တွေများစွာဖြစ်ပျက်ပြီးတဲ့နောက်မှာ ဒီနာမ်စားကိုဂျယ်မင်းဆီကနူးနူးညံ့ညံ့လေးအခေါ်ခံရမည်ဟုမျှော်တောင်မလင့်ခဲ့ဖူး။

"အဟမ်း... လျှောက်မတွေးနဲ့။ ငါမင်းကိုခွင့်လွှတ်လိုက်တာမဟုတ်ဘူး။ ဒီတိုင်းငါ့ကိုဒီနေ့ကူညီပေးလို့"

ဂျယ်နိုရဲ့မျှော်လင့်ချက်တွေပြည့်ဝနေတဲ့မျက်ဝန်းတွေကိုတွေ့တော့ ဂျယ်မင်းကချက်ချင်းပဲသူ့အပြုံးကိုဖျောက်ကာ ချောင်းတစ်ချက်ဟန့်ရင်ပြောလာပါ၏။

ဒီစကားကိုကြားလိုက်ရပေမယ့်လည်း ဂျယ်နိုကအနည်းငယ်ပင်စိတ်ပျက်အားလျော့သွားခြင်းမရှိဘဲနဲ့ ပိုပြီးတော့အားတက်လာရပါတော့သည်။

ဂျယ်မင်းရဲ့ရင်ထဲမှာဂျယ်နိုကရှိနေသေးတယ်။ သူ့မှာအခွင့်အရေးရှိသေးတယ်ဟုသာမှတ်ယူလိုက်ပါတော့သည်။ ဂျယ်နိုကဂျယ်မင်းကိုကြည့်ပြီးပြောလိုက်လေတယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now