EP - (48)

464 46 4
                                    

"ငါ့မှာအချိန်မရှိဘူး!"

ဂျယ်နိုရဲ့အော်သံအပြီးမှာချက်ချင်းပဲ ဂျယ်နိုကအိမ်အထဲထဲဝင်ပြီးသူ့ရဲ့ကွန်ပြူတာနဲ့ စာရွက်စာတမ်းအချို့ကိုသိမ်းလိုက်ပြီး အိတ်ထဲထည့်လိုက်ကာ အပေါ်ဝတ်ကုတ်တစ်ထည်ကိုဝတ်လိုက်ပါ၏။

ထို့နောက်မှာတော့သူ့ရဲ့မျက်မှန်ကိုခေါင်းမှမချွတ်ဘဲနဲ့ အခန်းထဲကနေထွက်သွားပါလေတော့သည်။ အခန်းတံခါးကိုပိတ်သည့်အခါ 'ဝုန်း' ခနဲတောင်အသံမြည်အောင်ပိတ်သွားသေးသည်။

ဂျယ်မင်းကတော့ဘာမှပြန်ပြောစရာမရှိတော့။ စကားပြောပင်မပြောနိုင်တော့။ သူကပဲအမှားလုပ်ပြီး သူကပဲချော့ရမယ့်ဟာကို အခုလိုစိတ်တိုပြီးထွက်သွားတယ်?

သူကဘာမို့လို့လဲ?! ဂျယ်မင်းကစိတ်တွေတိုလာတာကြောင့်သူ့ကိုယ်သူစိတ်ပြေစေရန် ရေတစ်ဘူးကိုယူလိုက်ပြီးတော့အမြန်ပင်မော့သောက်လိုက်ရတယ်။

ဂျယ်နိုကအခုရက်ပိုင်းအလုပ်များတာကိုသိပါသည်။ ထို့ကြောင့်မွန်းကြပ်သလိုခံစားနေရမယ် ဆိုတာကိုနားလည်ပေမယ့် ဒီလိုလုပ်တာကတော့လွန်လွန်းတာမဟုတ်ဘူးလား?

ဂျယ်မင်းကချက်ချင်းပဲတီဗီကိုဖွင့်လိုက်ကာ ရယ်ရတဲ့အစီအစဉ်တစ်ခုခုကိုကြည့်ရင်းနဲ့ အချိန်ဖြုန်းဖို့ကိုဆုံးဖြတ်လိုက်လေတယ်။ သူသိသည်။

ဒီလိုလုပ်တာကတော့သူ့ကိုစိတ်တိုပြေစေလိမ့်မည်။ ပြီးတော့အဲ့လီဂျယ်နိုဆိုတဲ့လူကလည်းဘယ်အချိန်မှပြန်လာမလဲဆိုတာမသိနိုင်ဘူးလေ။

အချိန်ကဖြင့်ညဆယ်နာရီကျော်လို့ အပြင်မှာမှောင်မဲနေတဲ့အချိန်ဖြစ်နေပြီကို။ ဘယ်သွားမလဲ၊ ဘယ်အချိန်မှပြန်လာမလဲဆိုတာကိုသိချင်သောကြောင့် ဂျယ်မင်းကမအိပ်ဘဲဆက်စောင့်ဖို့ဆုံးဖြတ်လိုက်တယ်။

ဒါကြောင့်ဂျယ်မင်းကတီဗီအားကြည့်ရင်းရယ်ရင်း မောရင်းဖြင့်အချိန်တွေကုန်ဆုံးသွားလေတယ်။ သူခုဏတုန်းကတိုခဲ့တဲ့စိတ်တွေဟာ အခုတော့ဘယ်ပျောက်သွားမှန်းတောင်မသိတော့။

ဂျယ်မင်းကသူ့ရှေ့မှာကိုလာတစ်ဘူးနဲ့အတူတူ သူကြည့်နေတဲ့အစီအစဉ်ကပြီးဆုံးသွားတဲ့အခါအချိန်ကို ပြန်ကြည့်လိုက်တော့ည ၁၂ နာရီကျော်နေလေပြီ။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now