၇လခန့်အကြာ
............................"ဂျယ်မင်း ဆရာ့ကိုကြည့်ပါဦး
တစ်သက်လုံးစကားမပြောဘဲနေလို့မရဘူးလေ ဂျယ်မင်း"
ဂျယ်နိုကသူ့ရဲ့ဘဝမှာမရှိတော့တာစုစုပေါင်းခုနှစ်လကြာပြီ။ ဂျယ်နိုမရှိဘဲနဲ့ကျောင်းဆက်တက်ရတာခက်ခဲမယ်လို့ထင်ခဲ့ပေမယ့်သူထင်တာကမှားနေခဲ့တာပါပဲ။
ကျောင်းကစိတ်ပျက်စရာလူတွေကဂျယ်မင်းကိုအရင်လိုမနှောင့်ယှက်ကြတော့ဘူး။ ဂျယ်မင်းကိုအေးအေးဆေးဆေးကျောင်းတက်ခွင့်ပေးကြတာကံကောင်းတယ်လို့ပြောလို့ရမလားပဲ။
ဂျယ်မင်းထင်တာကသူ့ကိုလွန်ခဲ့တဲ့နှစ်တွေကလိုပဲအနိုင်ကျင့်မယ်၊ နှောင့်ယှက်ကြမယ်ဟူ၍။ ဒါပေမယ့်လည်းသူတို့ကဂျယ်မင်းကိုဂျယ်နိုရှိတုန်းကလိုပဲပင်။
မရှိတဲ့လူတစ်ယောက်လိုသဘောထားကြပြီးတော့ လမ်းမှာမြင်ရင်တောင်မမြင်ချင်ယောင်ဆောင်သွားကြတယ်။ ပုံမှန်လိုပါပဲ။ ဂျယ်မင်းကသူငယ်ချင်းဆိုလို့ဆောင်းဟိုအပြင်မရှိဘူး။
ဒါပေမယ့်ဂျယ်နိုပျောက်ပြီးတစ်လကျော်လောက်အကြာ။ လီဂျယ်နိုရဲ့မိသားစုကသူတို့ရဲ့ကုမ္ပဏီကိုကယ်တင်ပေးလိုက်ပြီးတစ်ပတ်လောက်အကြာမှာသူ့ကိုဆက်သွယ်လာတယ်။
သူကနိုင်ငံခြားရောက်သွားပြီဖြစ်ကြောင်း။ သူ့အိမ်ကသူ့ကိုဒီမှာဆိုဆိုးလို့နိုင်ငံခြားကိုအတင်းပို့လိုက်ခြင်းဖြစ်ကြောင့် စိတ်ညစ်သည့်ပုံဖြင့်ပြောလာပါ၏။
"ငါ့သူငယ်ချင်းလေးက ငါဆောင်းဟိုမရှိတော့လွမ်းနေတော့မှာပဲ"
"ဒါပေါ့ လွမ်းရမှာပေါ့။ ငါ့တစ်ဦးတည်းသောသူငယ်ချင်းလေးပဲကို"
"အထီးတော့ကျန်မနေနဲ့နော်။ အဝေးကလူဝမ်းနည်းရအောင်"
"ကိုယ့်ဘာသာဟိုမှာစာသာကောင်းကောင်းလုပ်ပါကွာ"
"ဟုတ်ကဲ့ပါခင်ဗျ။ ဒါဆိုဒါပဲနော်။ ငါသွားရတော့မယ်"

STAI LEGGENDO
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
Storie d'amoreSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...