ဂျယ်နိုကအေးအေးလူလူပဲအစိပိတ်ထားခြင်းမရှိတဲ့ သူ့ရဲ့အခန်းတံခါးကိုဖွင့်လိုက်တယ်။ ဂျယ်နိုရဲ့မျက်နှာကပူပန်ခြင်းတစ်စကိပင်မရှိဘဲနဲ့လေချွန်သံအချို့ကိုပြုလုပ်နေလေတယ်။
ဒါပေမယ့်အိပ်ခန်းထဲမှာသူတွေ့လိုက်ရတဲ့အရာကဂျယ်နိုကိုချက်ချင်းစိတ်ရှုပ်သွားစေပြီးတော့ ဂျယ်နိုရဲ့မျက်မှောင်တွေကိုကြုံ့လိုက်မိစေတယ်။
သူတို့ရဲ့အိပ်ယာပေါ်မှာအဝတ်ထည့်တဲ့ခရီးဆောင်အိတ်အနက်ရောင်တစ်လုံးကဖွင့်လျက်ရှိနေပြီးတော့ အထဲထဲမှာအဝတ်အစားတွေကအနည်းငယ်ပြန့်ကျဲစွာပဲရှိနေတယ်။
ဂျယ်နိုကသူ့ရဲ့ဖိနပ်ကိုချွတ်မနေတော့ဘဲနဲ့အိမ်ထဲကိုဆက်လက်ဝင်ကြည့်လိုက်တဲ့အခါမှာတော့ ဂျယ်မင်းဟာအဝတ်ဗီဒိုထဲကသူ့ရဲ့အင်္ကျီတွေထဲကတစ်ခုခုကိုရှာနေတာတွေ့လိုက်ရလေတယ်။
"ဘာလုပ်နေတာလဲ"
ဂျယ်နိုကမျက်ခုံးတွေတွန့်ချိုးရင်းမေးလိုက်တဲ့အခါမှာဂျယ်မင်းကသူ့ကို တစ်ချက်ပင်မော့မကြည့်လာဘဲနဲ့ဗီဒိုထဲကနေတစ်စုံတစ်ခုကိုဆက်လက်ရှာဖွေနေတုန်းပဲ။
"ငါမင်းကိုဘာလုပ်နေတာလဲလို့မေးနေတယ်လေ!"
ဂျယ်နိုရဲ့စကားတွေကိုဂျယ်မင်းကအတိအကျကိုလျှစ်လျှူရှုထားတုန်းပဲ။ ဂျယ်မင်းကနောက်ဆုံးမှာတော့သူရှာနေထားတာကိုတွေ့သွားပုံဖြင့်အင်္ကျီကိုဆွဲထုတ်လိုက်လေတယ်။
ထို့နောက်သူကသူ့လက်ထဲကအင်္ကျီသုံးထည်ခန့်ကိုကိုင်ကာထလိုက်ပြီးတော့ ခရီးဆောင်အိတ်ရှိရာဆီသွားနေပြီးနောက်မှာတော့သူကခရီးဆောင်အိတ်ထဲထိုးထည့်လိုက်ပါသည်။
ဂျယ်မင်းရဲ့ခရီးဆောင်အိတ်ထဲမှာအဝတ်ဆယ်ထည်ကျော်လောက်နှင့် ရေမွှေးတစ်ဘူးကရှိနေပြီးတော့ဂျယ်မင်းကနောက်ထပ်တစ်ခါထလိုက်ကာပလပ်ပေါက်မှာတန်းလန်းရှိနေတဲ့ဖုန်းအားသွင်းကြိုးကိုယူလိုက်တယ်။
ထို့နောက်သူ့ရဲ့ခရီးဆောင်အိတ်ထဲကိုထည့်ဖို့ပြန်သွားလိုက်ပြီး ဒီတစ်ခါမှာတော့ဂျယ်နိုကသူ့ကိုအေးအေးဆေးဆေးပေးမသွားတော့ပါ။

STAI LEGGENDO
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
Storie d'amoreSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...