EP - (2)

581 76 15
                                    

"အသံတိုးလိုက်စမ်း!"

ဆူညံနေတဲ့သီချင်းသံတွေနဲ့ပြည့်နေတဲ့ကခုန်ပြီးအရက်ခွက်များကိုကိုင်ကာ ရှိနေကြတဲ့ခန်းမကျယ်ကြီးကိုဂျယ်နိုရဲ့အော်သံတစ်ချက်ကပိတ်ပစ်လိုက်တယ်။

ဂျယ်နိုရဲ့အော်သံကအကုန်လုံးကိုတိတ်ဆိတ်သွားစေပြီးတော့ငြိမ်သက်သွားစေတယ်။ ဂျယ်နိုကချက်ချင်းပဲဖုန်းကိုကိုင်လိုက်တယ်။

"ဟယ်လို ဘာသတင်းရလို့လဲ?"

'မနေ့ကနာဂျယ်မင်းကအိမ်ပေါ်ကဆင်းသွားပါတယ်"

"ဘာ?! ဘယ်ကိုသွားတာလဲ?"

'မြို့ပြင်နားကတိုက်ခန်းတစ်ခန်းမှာနေနေပါတယ်'

ဂျယ်နိုကသူ့အိပ်ခန်းထဲမှာရှိနေတဲ့လူတိုင်းကိုသူ့လက်ဖြင့်ထွက်သွားရန်အမူအယာ ပြလိုက်တဲ့အခါမှာအကုန်လုံးကစိတ်ပျက်တဲ့အမူအယာတစ်ချက်တောင်မလုပ်ရဲပဲနဲ့ထွက်သွားကြလေတော့တယ်။

အကုန်လုံးထွက်သွားပြီးသူ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်သာကျန်တော့မှ ဂျယ်နိုကတစ်ဖက်ဖုန်းကလူကိုဆက်မေးလိုက်တယ်။

"တစ်ယောက်ထဲလား?"

'ဟုတ်ကဲ့။ တစ်ယောက်ထဲပါ သခင်လေး'

"အကြောင်းပြချက်?"

'အဲ့ဒါက...သေချာမသိရသေးပါဘူး သခင်လေး'

တစ်ဖက်ဖုန်းထဲကလူဟာတုန်ရီနေသောအသံဖြင့်ဒီလိုပြောလိုက်တဲ့အခါမှာတော့ ဂျယ်နိုရဲ့အော်သံကချက်ချင်းထွက်လာပါတော့သည်။

"အဲ့အကြောင်းတွေသိရဖို့ငါမင်းတို့ကိုစောက်လုပ်ခန့်ထားတာမဟုတ်ဘူးလား!"

'တောင်းပန်ပါတယ် သခင်လေး'

"ငါနောက်နှစ်နာရီအတွင်းမှာအဖြေရချင်တယ်"

'အမိန့်အတိုင်းပါ'

ဂျယ်နိုကဖုန်းချလိုက်ပြီးတော့စိတ်ပျက်စွာပဲသူ့ဖုန်းကိုဆိုဖာပေါ်မှာပစ်တင်လိုက်တယ်။ ထိုအခါမထွက်သွားဘဲကျန်ခဲ့တဲ့သူ့သူငယ်ချင်းဆောင်းဟိုကဂျယ်နိုကိုကြည့်လာပြီးပြောလာပါသည်။

"ငါပြန်တော့မယ်နော်"

"နေဦး။ မပြန်နဲ့ဦး"

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Dove le storie prendono vita. Scoprilo ora